Chapter-96

3.3K 349 4
                                    



စူးကျင်းပေနှင့်ကျိုးရှစ်ယွင်တို့နှစ်ယောက်အပြင်ထွက်လာပြီးနောက် အိမ်ထဲတွင် တိုးတက်မှုသဲလွန်စလေးတောင်မရှိပေ။ အစက စူးကျင်းပေသည် လျှိုထင်းထင်းငြင်းပယ်ခံရမည်ကိုစိတ်ပူနေပေမဲ့လည်း နောက်ပိုင်းတွင် သူမအပြင်ထွက်လာသည့်အချိန်၌ လျှိုထင်းထင်း၏ပါးပြင်တွေဟာ နီမြန်းနေသည်ကိုတွေ့လိုက်ရ၏။ နောက်ပြီး သူမဘေးနားတွင်ရပ်နေသည့်ကျန်းချောင်တွင်လည်း ထပ်တူထပ်မျှအနေရခက်နေသည့်ဟန်ရှိနေ၏။

စူးကျင်းပေသည် ကျိုးရှစ်ယွင်ကို ကျီစယ်လိုသောသဘောဖြင့်မေးငေါ့ပြလိုက်၏။ တန့် တန်....ကျိုးရှစ်ယွင်သည် နှုတ်ခမ်းတွန့်ကာပြုံးပြ၍ စူးကျင်းပေအား သူ့ကို ထိုစုံတွဲရှေ့သို့ဆွဲခေါ်သွားခွင့်ပြုလိုက်တော့သည်။

"ဟေ့ ဟေ့ ရှင်တို့တွေအဲ့ဒီမှာကြာနေပြီနော်၊ ဘာအကြောင်းတွေပြောနေကြတာလဲ"

"က-ကျင်းပေ ကျွန်မအရင်ပြန်နှင့်မယ်"

လျှိုထင်းထင်းပြောပြီး တခြားအရာတွေကိုထုတ်ပြောရန်ဝန်လေးနေကာ သူမအိမ်သို့အမြန်ပြေးသွားတော့သည်။ စူးကျင်းပေသည် သူမထွက်သွားတဲ့ပုံသဏ္ဍာန်ကိုကြည့်ပြီး အံ့အားသင့်စွာပြော၏။

"ကျွန်မ သူ့ကိုအကြိမ်ပေါင်းများစွာသင်ပေးထားတာကို ဘာလို့ သူမအသားအရေက ဒီလောက်ထိပါးနေသေးတာလဲ"

"လူတိုင်းကမင်းလိုမဟုတ်ဘူး"

"ဒါကချီးမွမ်းစကားလား"

"အဲ့ဒီလိုထင်တာပဲ"

"ဒါဆို ကျွန်မလက်ခံတယ်"

စူးကျင်းပေသည် ကျန်းချောင်ကိုကြည့်၍
"မြင်မြင်ချင်း ရှင်တို့နှစ်ယောက်ကအတူတူပဲဆိုတာ ကျွန်မပြောနိုင်တယ်၊ ဒေါက်တာကျန်း ရှင်လည်းထင်းထင်းကိုကြိုက်တယ်မလား၊ ဟုတ်တယ်မလား"

ကျန်းချောင် အသာချောင်းဟန့်ကာ
"ထင်းထင်းကအရမ်းကြင်နာတက်တယ်၊ ငါ သူမကိုတကယ်သဘောကျပါတယ်"

"ဒါဆို ရှင့်လိုယောက်ျားတစ်ယောက်က သူမဖွင့်ပြောလာတာကို ဘာလို့စောင့်နေရတာလဲ။ ကျွန်မကြောင့်သာမဟုတ်ရင် ရှင်တို့နှစ်ယောက်က သေတဲ့အထိတစ်ယောက်တည်းနေသွားကြမလို့လား"

Intense Love ( ဘာသာပြန် )Where stories live. Discover now