Chapter-104

4.2K 367 7
                                    



နောက်တစ်နေ့တွင် နေ​ရောင်​​တောက်​ပလာ​လေသည်​။ စူးကျင်းပေသည် သူမမျက်လုံးတွေကိုဖွင့်လိုက်ပြီး နောက်ထပ်သုံးမိနစ်လောက်တောင့်ခဲသွားတော့သည်။ သူမသည် စောင်ကိုမလိုက်ပြီးအောက်ကိုငုံ့ကြည့်ကာ သူမကိုယ်သူမ နောက်တစ်ကြိမ် စောင်နဲ့ထပ်အုပ်လိုက်သည်။

တကယ်ဖြစ်သွားခဲ့တယ်!

သူမသည် ဘေးပတ်ဝန်းကျင်ကိုလှည့်ကြည့်၍ ဖြည်းဖြည်းချင်းထ၏။ သို့သော် မနေ့ညကအားသွန်ခွန်စိုက်လုပ်ခဲ့သော ကိုယ်လက်လှုပ်ရှားမှုမှနာကျင်မှုဒဏ်က သူမကိုအချိန်အတော်ကြာရုန်းကန်လှုပ်ရှားရစေသည်........Sh*t အရမ်းနာတာပဲ။

သူမကိုယ်သူမ နာကျင်မှုဒဏ်မှနေသားကျစေရန် အချိန်အချို့ယူပြီးနောက် စူးကျင်းပေသည် သူမဘေးနားကထိုင်ခုံပေါ်က သူမအင်္ကျီတွေကိုယူလိုက်သည်.....မဟုတ်သေးဘူး သေချာပြောရမယ်ဆိုကျိုးရှစ်ယွင်အင်္ကျီတွေပဲ။

သူမအင်္ကျီတွေကိုကောက်ဝတ်နေစဉ် သူမခြေချင်းဝတ်ကိုဆေးကုပေးထားပြီးကြောင်းတွေ့လိုက်ရသည်။ တစ်ယောက်ယောက်က ဆေးလိမ်းပေးထားခဲ့တာပဲ....။ ကျိုးရှစ်ယွင်လား? ဘယ်အချိန်တုန်းကလဲ? သူမဘာတစ်ခုမှမခံစားခဲ့ရပါဘူး။

တခြားသူတွေသည် သူတို့တစ်နေ့တာကိုစတင်ဖို့နိုးထနေကြပြီ။ ထိုအချိန်မှာပဲ အောက်ထပ်တွင် ဆေးကုသမှုခံယူရန် ရွာသူရွာသားတွေရောက်နေကြပြီဖြစ်၏။ စူးကျင်းပေရေချိုးကာ သူမကိုယ်သူမ သပ်သပ်ရပ်ရပ်လုပ်၍ လှေကားမှဆင်းလာသည်။

"အဟွတ် အဟွတ်.......က-ကျင်းပေ?"

လင်ချင်းဝေ့ကသူမကိုသတိပြုမိတဲ့ပထမဆုံးသူပဲ၊ သူက သူမအင်္ကျီကိုစိုက်ကြည့်၍
"မင်းကဘာလို့ဒီမှာရှိနေတာလဲ"

စူးကျင်းပေက ကျိုးရှစ်ယွင်ရှပ်အင်္ကျီကိုဝတ်ထားတယ်၊ သူမဝတ်ထားတဲ့ဘောင်းဘီကလည်းကျိုးရှစ်ယွင်ဟာပဲ။ ဘောင်းဘီကအရမ်းရှည်လွန်းပြီးကြီးနေတာကြောင့် သူမကအများကြီးခေါက်တင်ထား၏။

"ကျွန်မ အရင်နေရာကို ဘယ်တော့မှမထားခဲ့ပါဘူး"

စူးကျင်းပေပြော၏။ အားလုံးက စူးကျင်းပေကို မှင်တက်စွာကြည့်နေကြသည်။

Intense Love ( ဘာသာပြန် )Where stories live. Discover now