Chapter-80

3.7K 358 3
                                    



ပြင်သစ်အနမ်း? ကျိုးရှစ်ယွင်နှလုံးသားလေး အနည်းငယ်ခုန်လှုပ်သွားပြီး စည်းချက်တွေကလည်း ပရမ်းပတာဖြစ်နေ၏။

စူးကျင်းပေကသူ့ကိုကြည့်၍
"ဘာဖြစ်လို့လဲ၊ ဘယ်လိုလုပ်ရမလဲဆိုတာရှင်မသိလို့လား။ ကျွန်မရှင့်ကိုသင်ပေးမယ်လေ"

စူးကျင်းပေသည် ခြေဖျားထောက်ပြီး သူ့နှုတ်ခမ်းတွေကိုဖြည်းဖြည်းချင်းထိတွေ့နေသည်။ သူတုံ့ပြန်မလာသည်ကိုမြင်တော့ သူမက သူမလျှာဖျားကိုဆန့်ထုတ်၍လျက်လိုက်ပြီး တီးတိုးညည်းညူလိုက်၏။

"ရုပ်ရှင်တွေထဲမှာ ရှင်ဒါကိုမြင်ဖူးလား"

ကျိုးရှစ်ယွင်မျက်ဝန်းတွေမှုန်ဝါးနေပြီး သူမကိုလှုပ်ရှားခွင့်ပေးထား၏။ မည်သည့်ခုခံနိုင်စွမ်းကိုမှ လက်သင့်မခံနိုင်ပေ။ စူးကျင်းပေလက်သည် သူ့ပခုံးကနေလည်တိုင်အနောက်ဘက်ထိ မသိမသာရွှေ့လျားလာသည်။ သူမက နောက်တစ်ကြိမ်ထပ်ပြော၏။ သူမရဲ့တိုးတိုးပြောတဲ့အသံဟာ ညှို့ယူဖမ်းစားနိုင်၏။

"ဟေ့ ဒါကပြင်သစ်အနမ်းမဟုတ်ဘူးဆိုရင် ကျွန်မရှင့်ကိုခွင့်လွှတ်ပေးမှာမဟုတ်ဘူးနော်"

ကျိုးရှစ်ယွင် သူမကိုငုံ့ကြည့်လိုက်၏။ သူ့လက်မောင်းထဲက အမျိုးသမီးလေးရဲ့မျက်ဝန်းတွေဟာ နက်ရှိုင်းပြီးနှစ်လိုဖွယ်ကောင်းနေသည်။ ရုတ်တရက် သူကခေါင်းညိတ်ကာ သူမရဲ့ကြည်နူးဖွယ်ကောင်းတဲ့အကြည့်တွေအောက် သူ့ခေါင်းငုံ့လိုက်လေ၏။

"ကောင်းပြီလေ ဒါဆိုလည်း မင်းရဲ့နည်းလမ်းအတိုင်းလုပ်ကြတာပေါ့"

သူက သူမနှုတ်ခမ်းတွေကို ဖြည်းညှင်းစွာချိပ်ပိတ်လိုက်သည်။ ငှက်မွေးကဲ့သို့ပေါ့ပါးနူးညံ့သောထိတွေ့မှုမှ တစ်ယောက်နှင့်တစ်ယောက် အချင်းချင်းအပြည့်အ၀ပေါင်းစပ်သွားကာ သူမ၏ ခန္ဓာကိုယ်ကို သူ့လက်များဖြင့် ဖြည်းဖြည်းချင်းစူးစမ်းပြီး သူမ၏ပိုင်နက်နယ်မြေကိုလည်း ဖြည်းဖြည်းချင်းကျူးကျော်ဝင်ရောက်လာခဲ့သည်။

စူးကျင်းပေကအလွန်ပျော်ရွှင်နေသဖြင့် သူမ၏နှလုံးသားသည် ဒရမ်ကဲ့သို့ခုန်နေလေသည်။ သူမသည် ခြေဖျားထောက်၍ မတ်တပ်ရပ်ကာ သူ့လည်ပင်းနောက်တွင်လက်နှစ်ဖက်ဖြင့် သူမကိုယ်သူမထောက်ထား၏။ တဖြည်းဖြည်းနှင့် လူနှစ်ယောက်၏ ပူလောင်ပြင်းပြသောအသက်ရှုသံများဟာ ရောယှက်လာလေသည်။

Intense Love ( ဘာသာပြန် )Where stories live. Discover now