Chapter-14

4.2K 452 1
                                    


လင်ချင်းဝေ့သည်နောက်ဆုတ်လိုက်ပြီး စူးကျင်းပေအားအဓိပ္ပာယ်မရှိသည့်စကားများမပြောမိစေရန်အလျင်အမြန်ဆွဲခေါ်လေသည်။ သူ၏စီနီယာသည် ပုံမှန်အားဖြင့်ဒီလိုမျိုးစနောက်နိုင်သည့်လူမျိုးမဟုတ်ပေ။ အံ့ဩစွာဖြင့် ကျိုးရှစ်ယွင်သည်မကျေနပ်သည့်တုံ့ပြန်မှုမျိုးမရှိပေ။ စူးကျင်းပေသည်ကျိုးရှစ်ယွင်၏အင်္ကျီအားဆွဲကိုင်၍

"ဟေး မနေ့ကကျွန်မမိသားစုဝင်တွေနဲ့ရှင်စကားပြောခဲ့တယ်လို့ကြားတယ် ရှင်သူတို့ကိုဘာပြောလိုက်တာလဲ"

ကျိုးရှစ်ယွင်သည်စူးကျင်းပေအားစိုက်ကြည့်ကာ "လူနာအခြေအနေ"

"ဒါပဲလား"

"တခြားဘာပြောစရာလိုသေးလို့လဲ"

"ကောင်းပြီလေ ဘာပဲဖြစ်ဖြစ်ကျွန်မကကားမတော်တဆဖြစ်ခဲ့တာလေ ကျွန်မအမေကိုပျော်ပျော်ကြီးထွက်သွားနိုင်အောင်လို့ရှင်ဘယ်လိုလုပ်လိုက်တာလဲ"

ကျိုးရှစ်ယွင်သည် မနေ့ကကျောက်ရွှယ်ယန်ပြောခဲ့သည်များကိုသတိရ၏။ "ဒီမှာမင်းနဲ့ဆို ကျင်းပေအတွက်ငါစိတ်သက်သာရာရပါပြီ"

ဤအရာသည်သူမပျော်ပျော်ကြီးထွက်သွားရသည့်အကြောင်းပြချက်ဖြစ်နိုင်သည်။

"ဒေါက်တာကျိုး"

ကျိုးရှစ်ယွင်သည်သတိပြန်ဝင်လာကာ "ကားမတော်တဆဖြစ်ပေမယ့်မင်းမသေခဲ့ဘူးလေ ပြီးတော့ မင်းရဲ့ဒဏ်ရာတွေကလဲအရမ်းမှမပြင်းထန်တာ ထပ်ပြောရရင်အကုန်လုံးကပြန်သက်သာလုနီးပါးပဲလေ မင်းရဲ့အမေကပျော်သင့်တာပဲမဟုတ်လား"

စူးကျင်းပေသည်ခနမျှတိတ်ဆိတ်သွားပြီး ဒါလဲဆီလျော်တဲ့ပုံပဲ။ ကျိုးရှစ်ယွင်သည် ဒီနှစ်ယောက်အားဂရုစိုက်ရန်အလွန်ပျင်းသည့်အတွက်ထွက်လာခဲ့လေ၏။

"အာ ဒေါက်တာကျိုး ကျွန်မမှာပြောစရာရှိသေးတယ်"

သို့သော် ကျိုးရှစ်ယွင်သည်မရပ်တန့်ဘဲ "ဆောရီး ကျွန်တော့်မှာခွဲစိတ်ဖို့ရှိတယ်"

ကျိုးရှစ်ယွင်ထွက်သွားပြီးနောက် လင်ချင်းဝေ့သည်သူ၏ခေါင်းအားကုတ်၍တီးတိုးရေရွတ်၏။ "ခွဲစိတ်မှုကအခုလေးတင်ပြီးသွားတာမဟုတ်ဘူးလား"

Intense Love ( ဘာသာပြန် )Where stories live. Discover now