Chapter-116

3.6K 348 6
                                    



စူးကျင်းပေ သူမနေရာတွင်ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ဟယ့်တီကဘေးနားကနေလစ်ဝင်လာခဲ့သည်။ သူမက တခြားသူတွေကိုစကားပြောနေသည့်စူးကျင်းပေကိုပုတ်လိုက်၏။

"ကျင်းပေ!"

စူးကျင်းပေ သူမကိုနောက်လှည့်ကြည့်၍
"ဘာဖြစ်လို့လဲ"

ဟယ့်တီ သူမအသံကိုတိုးပြီး စူးကျင်းပေနားထဲပြော၏။

"ဘာအခြေအနေကြီးလဲ....ကြည့်လိုက်ဦး ဘယ်သူလဲလို့"

စူးကျင်းပေ မှင်သက်နေ၏။
"ဘာ?"

"စင်ပေါ်မှာ!"

စူးကျင်းပေသည် ဟယ့်တီအကြည့်အတိုင်းစင်ပေါ်သို့ကြည့်လိုက်သည်။ သူမ စင်ပေါ်မှာရပ်နေသည့်အမျိုးသမီးကိုမြင်တော့ စက္ကန့်အနည်းငယ်လောက်အံ့အားသင့်သွားလေသည်။ ဆိုးဆိုးရွားရွားစကားတွေတောင်ပြောထွက်လုနီးပါးပင်!!!!

အဲ့ဒီအမျိုးသမီးက ကျောက်ရွှယ်ယန်မလား!!!!!

နေဦး....ပွဲတင်ဆက်သူကဘာပြောလိုက်တာပါလိမ့်? ရင်းနှီးမြှုပ်နှံသူမစ္စကျောက်? ရင်းနှီးမြှုပ်နှံသူ? သူမအမေကဘယ်အချိန်ကရင်းနှီးမြှုပ်နှံသူဖြစ်လာတာလဲ။ သူမကဘာလို့မသိရတာလဲ!!!!

စင်ပေါ်တွင် ဒါရိုက်တာကျန်း၊ကျန်းရွှယ်ချန်း စကားပြောပြီးနောက် မိုက်ခရိုဖုန်းကို ကျောက်ရွှယ်ယန်ထံလွှဲပြောင်းပေးလိုက်သည်။ ကျောက်ရွှယ်ယန်ကလူအုပ်ကြီးကိုကြည့်၍ပြော၏။

"ဒါရိုက်တာကျန်းကကျွန်မယုံကြည်ရတဲ့ဒါရိုက်တာတစ်ယောက်။ ကျွန်မသူ့ရုပ်ရှင်တွေအများကြီးကိုကြည့်ဖူးတယ်၊ အဲ့ဒီရုပ်ရှင်တွေကိုကျွန်မတကယ်ကြိုက်တယ်။ 'Crisis City' ကလည်းအားလုံးကိုစိတ်ပျက်စေမှာမဟုတ်ဘူးလို့ကျွန်မယုံကြည်ပါတယ်"

ကျောက်ရွှယ်ယန်ကခဏလောက်ရပ်တန့်လိုက်ပြီးဆက်ပြော၏။

"ဒါပေါ့ ရှင်တို့အားလုံးကလည်း ဒီရုပ်ရှင်ထဲကကျွန်မသမီးလေးရဲ့သရုပ်ဆောင်ချက်တွေကိုကြိုက်ကြလိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်"

သ.....သမီး?

သတင်းထောက်တွေအားလုံးအံ့အားသင့်သွားကြသည်။ ရင်းနှီးမြှုပ်နှံသူရဲ့သမီးကဘယ်သူလဲ။

Intense Love ( ဘာသာပြန် )Where stories live. Discover now