Chapter-10

5K 479 0
                                    


ကျိုးရှစ်ယွင်သည် ဟုတ်တယ်လို့ပြောချင်ခဲ့သည်။ သို့သော် ရုံးခန်းတံခါးအားရုတ်တရက်ကျယ်လောင်စွာခေါက်လာ၍

"စီနီယာ သတင်းထောက်တွေသွားပြီ"

လင်ချင်းဝေ့ ထိုသို့ပြောပြီးနောက် စူးကျင်းပေသည်အပြင်ဘက်ရှိဆူညံသံတွေသည်ပျောက်ကွယ်သွားကြောင်းနားလည်သွားပြီး မော့ကြည့်ကာ

"သတင်းထောက်တွေသွားပြီလား"

ကျိုးရှစ်ယွင်သည်ခေါင်းငြိမ့်ပြ၍တံခါးထဖွင့်လေသည်။

တံခါးအပြင်ဘက်တွင် လင်ချင်းဝေ့နှင့်စိုးရိမ်နေသောရှောင်ဝေသည် အရှေ့မှရပ်နေပြီး သူတို့နောက်တွင်ဆရာဝန်များနှင့်သူနာပြုများသည် အတင်းပြောလိုသောအကြည့်နှင့်စပ်စုချင်နေကြသည်။ ကျိုးရှစ်ယွင်သည်ဘေးသို့လှည့်ကြည့်၍

"သူမကိုအပြင်ထွက်ဖို့ကူညီပေးလိုက်"

"အိုကေ" ရှောင်ဝေသည်အလျင်အမြန်ဝင်လာ၏။

လင်ချင်းဝေ့သည် အထဲသို့လှမ်းကြည့်ပြီး ကျိုးရှစ်ယွင်အားမရေမရာပြုံးပြကာ

"စီနီယာ ကျွန်တော့်ကိုရိုးရိုးသားသားပြော ဒီကြယ်ပွင့်လေးကအခန်းထဲကိုဘယ်လိုရောက်နေတာလဲ"

ကျိုးရှစ်ယွင်သည် သူ့အားထူးဆန်းစွာကြည့်၍ "ငါဘယ်လိုလုပ်သိမှာလဲ"

"မသိဘူး"

လင်ချင်းဝေ့သည်မယုံနိုင်သည့်ပုံဖြင့် အားအနည်းငယ်နှင့်ပုတ်လိုက်ကာ "မသင်္ကာစရာတစ်ခုခုရှိနေတယ်"

ထိုအချိန်တွင် ရှောင်ဝေသည်စူးကျင်းပေအား အပြင်ထွက်ရန်ကူညီပေးပြီး လင်ချင်းဝေ့သည် wheelchair ပေါ်တွင်ထိုင်နေသည့်သူမအနားအား အလျင်အမြန်ရွေ့ကာ

"မိန်းကလေးစူး ကံမကောင်းစေခဲ့ပြီ"

"ရှောင်ဝေ့ အဲ့ဒီသတင်းထောက်တွေထွက်သွားကြပြီလား"

လင်ချင်းဝေ့သည် စူးကျင်းပေသူ့အားခေါ်သည့်နာမည်အား အလေ့အကျင့်ဖြစ်နေပြီဖြစ်ပြီး ဤရက်တွေအတွင်း သူမနဲ့တခါတရံတွေ့ဖြစ်သည်။

"ဘာကိစ္စပဲဖြစ်ဖြစ် ကျွန်တော်တို့ကဆေးရုံမှာလေ သူတို့မထွက်သွားဘူးဆိုရင်အဖမ်းခံရမှာလေ ကျွန်တော်ခြိမ်းခြောက်လိုက်တာ သူတို့မထွက်သွားဘဲနေရဲမှာလဲ"

Intense Love ( ဘာသာပြန် )Where stories live. Discover now