Chapter-92

3.4K 371 4
                                    



ကျိုးရှစ်ယွင်ချောင်းဟန့်လိုက်၏။

"မရဘူး"

"ဘာလို့လဲ"

ကျိုးရှစ်ယွင် သူမကိုဖျက်ခနဲကြည့်ပြီး တိတ်ဆိတ်သွားတော့သည်။ အိပ်ရာကအရမ်းကျဉ်းတယ်၊ သူတို့အတွက် တစ်ယောက်တည်းပဲအိပ်လို့ရနိုင်တယ်။ အကယ်၍ သူတို့နှစ်ယောက်သာမျှသုံးရမယ်ဆိုလျှင် သူတို့အတူတူတိုးဝှေ့ပူးကပ်နေရလိမ့်မယ်။ ဒါ့အပြင်လည်း အရမ်းနီးနီးကပ်ကပ်နဲ့.......။ တစ်ညလုံး သူ့ဘေးနားမှာ သူမရှိနေလျက်နဲ့ သူအေးအေးချမ်းချမ်းအိပ်နိုင်လိမ့်မယ်ဆိုတာမသေချာဘူး။

ကျန်းချောင်အကြည့်တွေသည် သူတို့တုံ့ပြန်ပုံတွေကို ခေါက်တုံ့ခေါက်ပြန်ကြည့်နေ၏။ သူ တစ်စုံတစ်ရာပြောခါနီးတွင် တခြားတစ်ယောက်ကလက်ဦးသွားလေသည်။

"ရှင် ကျွန်မနေရာမှာနေမယ်ဆိုရင်ရော ဘယ်လိုလဲ"

အမျိုးသမီးသည် ရှောင်ယွမ်ကိုအထဲခေါ်လာကတည်းက စကားဝင်မပြောခဲ့ပေ။

"ကျွန်မအခန်းထဲမှာ နောက်ထပ်အိပ်ရာထည့်ပေးလို့ရပါတယ်၊ အဆင်ပြေရဲ့လား"

သူတို့သုံးယောက်သား သူမကိုကြည့်လိုက်သည်။ ကျန်းချောင် ဝင်ပြော၏။

"အကြံကောင်းပဲ၊ ထင်းထင်းကတစ်ယောက်တည်းနေတာ။ မိန်းကလေးနှစ်ယောက် အတူတူနေတာကအဆင်ပြေတယ်"

စူးကျင်းပေသည် ကြင်နာတက်သည့်မိန်းကလေးကိုပြုံးပြ၍ ကျိုးရှစ်ယွင်ကိုစိုက်ကြည့်ကာ ပွစိပွစိပြော၏။

"တစ်စုံတစ်ယောက်ကတော့ ကျွန်မကိုသူ့အခန်းထဲမှာ မနေစေချင်ဘူး။ ကျွန်မ ဒီအပြုအမူကို အမှတ်ရနေပါ့မယ်နော်"

ကျိုးရှစ်ယွင်သည် ကူကယ်ရာမဲ့စွာတခစ်ခစ်ရယ်နေတော့သည်။

"သူမအိမ်က ဘေးချင်းကပ်မှာပဲ၊ အရမ်းနီးတယ်"

စူးကျင်းပေ ထိခိုက်နာကျင်သွား၏။

"မင်းအဆင်ပြေတယ်မလား" ကျိုးရှစ်ယွင်မေး၏။

စူးကျင်းပေ ညည်းတွားရင်း
"ဒါဆို အတည်တကျဖြစ်ပြီးနော်၊ ထင်းထင်း ကျေးဇူးပါပဲ"

ထင်းထင်းသည် သူမကျေးဇူးတင်သည်ကို အနေရခက်နေပုံပေါ်သည်။

Intense Love ( ဘာသာပြန် )Where stories live. Discover now