Chapter-120

3.9K 366 2
                                    



ပေကျင်းတွင်တစ်ပတ်လောက်နေပြီးနောက် စူးကျင်းပေ၊ဟယ့်တီနှင့်အခြားဝန်ထမ်းတွေသည် ရုပ်ရှင်ရိုက်ကူးရေးနေရာသို့အတူတူပြန်သွားကြတော့သည်။

ရှန်ချင်းကျိုးရဲ့ရုပ်ရှင်သည် တရားဝင်ရိုက်ကူးရေးစတင်နေပြီဖြစ်၏။ ရုပ်ရှင်ကသည်းထိတ်ရင်ဖိုအမျိုးအစားဖြစ်ပြီး အမျိုးသမီးဇာတ်ဆောင်အဖြစ်စူးကျင်းပေ၏ဇာတ်ကောင်မှာ အမျိုးသမီးရဲဝန်ထမ်းတစ်ယောက်ဖြစ်သည်။

ရိုက်ကူးရေးအဖွဲ့ထဲဝင်ပြီးဆယ်ရက်မြောက်နေ့တွင် စူးကျင်းပေဟာအရမ်းပင်ပန်းတဲ့အခန်းအနည်းငယ်ကိုရိုက်ကူးခဲ့၏။ သူမကလမ်းကြိုလမ်းကြားတွေထဲပြေးလွှားနေရပြီး ဘာတစ်ခုမှမပြောဘဲနဲ့တောင် အဆောက်အဦးပေါ်ကနေခုန်ချခဲ့ရသည်။

အန္တရာယ်အများဆုံးရိုက်ကွက်များစွာသည် အနီးကပ်မြင်ကွင်းများဖြစ်သောကြောင့် ၎င်းတို့ကိုအစားထိုးသရုပ်ဆောင်ဖြင့်ရိုက်ကူးရန်လွယ်ကူသည်။ ဥပမာအနေဖြင့် ရှန်ချင်းကျိုးသည် သူ၏တင်းကျပ်မှုတွေကြောင့် လူသိများကျော်ကြားပြီး ဤရုပ်ရှင်ရှိသရုပ်ဆောင်များသည်လည်းမလွတ်မြောက်နိုင်ပါ။

မင်းဘယ်လောက်ပဲနာမည်ကြီးနေပါစေ သူ့ရှေ့မှာအကွက်ကြီးကြီးကစားရဲရင် မင်းဘယ်တော့မှလွတ်မှာမဟုတ်ဘူး။ မင်းကြိုက်ရင် အဖွဲ့ထဲမှာမင်းနေခဲ့လို့ရတယ်။

တစ်နေ့လုံးသေနတ်အစစ်တွေနဲ့ရိုက်ကူးရေးပြီးတဲ့နောက်မှာတော့ စူးကျင်းပေလှဲနေရုံမှအပ မထချင်တော့ပေ။ ခဏကြာပြီးနောက် သူမဖုန်းကိုထုတ်၍ selfie တစ်ပုံရိုက်ကာ Weibo ပေါ်တင်ပြီးသူမပရိသတ်တွေနဲ့အပြန်အလှန်စကားပြောကြ၏။

[ ဒီတစ်ခေါက် ငါဘာရိုက်နေတာလဲလို့ခန့်မှန်းကြည့်ကြ ]

စူးကျင်းပေသည် ဓာတ်ပုံထဲတွင်မိတ်ကပ်မဖြတ်ရသေးပေ။ နောက်ဆုံးအခန်းမှာသူမထိခိုက်သွားတာကြောင့် သူမညာဘက်ပါးပြင်ပေါ်တွင်သွေးတွေရှိနေဆဲဖြစ်သည်။ ဓာတ်ပုံတင်လိုက်သည်နှင့် ပရိသတ်တွေတစ်ယောက်ပြီးတစ်ယောက် ကွန်းမန့်လာရေးကြတော့သည်။ စူးကျင်းပေက ပရိသတ်တွေရဲ့ကွန်းမန့်တွေကိုဒီအတိုင်းထားလိုက်တော့မည့်အခိုက် သူမ WeChat ကအသံမြည်လာခဲ့သည်။ သူမဖွင့်ကြည့်လိုက်တော့ ကျိုးရှစ်ယွင်ထံမှမက်ဆေ့ကိုတွေ့လိုက်၏။

Intense Love ( ဘာသာပြန် )Where stories live. Discover now