Chapter-19

3.8K 427 2
                                    


ညနေခြောက်နာရီအချိန်တွင် မျက်မှန်အကြီးကြီးနှင့် mask တပ်ထားသောယောင်္ကျားတစ်ယောက်သည် စူးကျင်းပေ၏အခန်းထဲသို့ဝင်လာ၏။ သူနာပြုသည်ဘေးကဖြတ်သွားသောအခါအလွန်စိတ်လှုပ်ရှားနေ၏။ အင်တာနက်ပေါ်ကအတင်းအဖျင်းတွေကအမှန်ဖြစ်ပုံပင်။ ရွှီကျားဝေသည် စူးကျင်းပေဆီကိုအလည်လာခဲ့၏။ ထိုအခိုက်လူနာခန်းထဲတွင် စူးကျင်းပေသည်လှဲလျောင်းနေပြီး သူမ၏မျက်နှာ၌ယဉ်ကျေးပျူဌာသည့်အပြုံးဖြင့်

"ကျားဝေ ဘာလို့ဒီမှာရှိနေတာလဲ မင်းဓာတ်ပုံအရိုက်ခံလိုက်ရရင်မင်းရဲ့အေးဂျင့်ကတော့ဒေါသထွက်နေတော့မှာပဲ"

ရွှီကျားဝေသည်မျက်မှန်နှင့် mask ချွတ်ပြီးသည်နှင့် ချောမောကြည့်ကောင်းပြီးလက်ရာမြောက်သောမျက်နှာလေးပေါ်လာကာ

"ကျွန်တော်ဆေးရုံကနေဆင်းသွားတာကြာနေပြီ အစ်မကိုလာတွေ့ဖို့အချိန်မရှိခဲ့ဘူး။ ကျွန်တော်ဒီနေ့ရိုက်ကွင်းကနေခွင့်ယူခဲ့တယ် ဒါကြောင့် အစ်မဆီကိုလာဖို့အချိန်ရှိပြီး အစ်မစားဖို့မုန့်အချို့ယူလာခဲ့တယ်"

"ကျေးဇူးပါပဲ မင်းကိုဒုက္ခရောက်စေမိပြီ"

"ဘာဒုက္ခလဲ" ရွှီကျားဝေသည်ခပ်မြန်မြန်ပြောကာ "အစ်မကဒီမှာကျွန်တော့်ကြောင့်ရှိနေတာလေ အစ်မကိုအချိန်ပြည့်ဂရုမစိုက်နိုင်လို့ ကျွန်တော်ကအပြစ်မကင်းသလိုဖြစ်နေတာ"

"ငါအကုန်နီးပါးသက်သာနေပါပြီ မင်းစိတ်ချထားလိုက်တော့"

"ဒါဆိုလဲ ကျွန်တော်စိတ်သက်သာပါပြီ" ရွှီကျားဝေသည်သူမ၏အိပ်ရာဘေးသို့ သရေစာမုန့်အချို့ကိုနေရာချနေရင်းပြော၏။

"ဒီသရေစာတွေက အရင်အပတ်ကျွန်တော်ဂျပန်ခရီးစဉ်တုန်းက အစ်မအတွက်တကူးတကဝယ်လာခဲ့တဲ့မုန့်တွေ" ပြောရင်းမုန့်ဘူးတွေအားဖွင့်နေ၏။

ချယ်ရီရောင်လေးထောင့်ပုံသရေစာတွေနှင့်နူးညံ့စေးကပ်နေသည်မှာ အလွန်အရသာရှိမည့်ပုံပင်။ စူးကျင်းပေ၏မျက်လုံးတွေသည်ဝင်းလက်တောက်ပသွားပြီး

"ဒီမုန့်တွေလား အရင်ကသူငယ်ချင်းအချို့ကဒါတွေကိုငါ့ကိုလက်ဆောင်ပေးခဲ့ကြသေးတယ် ဒီမုန့်တွေကတကယ်ကိုအရသာရှိတယ်"

Intense Love ( ဘာသာပြန် )Where stories live. Discover now