Chapter-64

3.5K 377 6
                                    


နောက်တစ်နေ့ဆယ်နာရီတွင် အခန်းတံခါးဘဲလ်သံမြည်လာသည်။ ကျိုးရှစ်ယွင် တံခါးဖွင့်ရန်ဆိုဖာမှထလိုက်၏။ တံခါးအပြင်ဘက်တွင် လူနှစ်ယောက်သာရှိသည်။ ကျိုးကျန်းရှန့်က ဝှီးချဲပေါ်တွင်ထိုင်နေပြီး သူ့နောက်တွင်ကျိုးရန်က ဝှီးချဲတွန်းပေး၏။

"အစ်ကို" ကျိုးရှစ်ယွင် ဘေးလှည့်၍ "ဒီမှာဘာလို့ရှိနေတာလဲ"

ကျိုးကျန်းရှန့်သည် ကျိုးရှစ်ယွင်ရဲ့မျက်ကွင်းမည်းတွေကိုကြည့်ပြီး နှုတ်ခမ်းဟကာအထိတ်တလန့်ပြော၏။

"မင်းဘာဖြစ်နေတာလဲ"

ကျိုးရှစ်ယွင် တုံ့ဆိုင်းကာနည်းနည်းပဟေဠိဖြစ်နေဆဲပင်။ အနောက်မှကျိုးရန်က သူ့နှုတ်ခမ်းကိုလက်ညိုးထိုးပြပြီး

"ဒုတိယသခင်လေး သွေးထွက်နေတယ်"

ကျိုးရှစ်ယွင် ခေတ္တခဏတောင့်ခဲသွား၏။ လက်လှမ်း၍သူ့နှုတ်ခမ်းတွေကိုထိကိုင်ပြီး ချက်ချင်းပဲ သူ့ခေါင်းကို နည်းနည်းကိုးရိုးကားရားဖြင့်လှည့်လိုက်သည်။

"အဆင်ပြေတယ် ကျွန်တော်မတော်တဆထိခိုက်မိထားတာ"

ကျိုးကျန်းရှန့်နဲ့ကျိုးရန်ဟာ တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြသည်။ ထိခိုက်မိတယ်၊ ဘာနဲ့လဲ။ သို့ပေမယ့် ကျိုးရှစ်ယွင်က သိသိသာသာကိုထပ်မပြောချင်ကြောင်းမြင်ရတော့ သူတို့နှစ်ယောက်လည်း ထပ်မမေးတော့ပေ။

ကျိုးရှစ်ယွင်သည် ကျိုးကျန်းရှန့်အတွက် လက်ဖက်ရည်ပြင်ပေးရန် ဧည့်ခန်းထဲသို့ပြန်လာခဲ့သည်။

"အစ်ကို ဒီကစီးပွါးရေးကိစ္စတွေပြီးသွားပြီလား"

"အင်း အခြေခံအားဖြင့်တော့ပြီးသွားပြီ"

"ဘယ်အချိန်ပြန်မှာလဲ"

"မနက်ဖြန်"

ကျိုးကျန်းရှန့် အဖြူရောင်ကြွေထည်လက်ဖက်ရည်ပန်းကန်လုံးကိုယူ၍တစ်ငုံသောက်လိုက်၏။

"နေ့လည်ကျရင်အတူတူစားကြရအောင်"

"အင်း" ကျိုးရှစ်ယွင် သူ့ကိုကြည့်၏။

"ဒီအကြိမ် အစ်ကိုပြန်သွားတဲ့အခါ ထပ်ပြီးပတ်သွားမနေနဲ့တော့။ အစ်ကို့မှာအာရုံစိုက်စရာကိစ္စရှိရင် တခြားတစ်ယောက်ကိုတာဝန်ပေးလိုက်။ အစ်ကို့ကျန်းမာရေးကိုအရင်ဆုံးဂရုစိုက်ဖို့လိုတယ်"

Intense Love ( ဘာသာပြန် )Where stories live. Discover now