Chapter-37

3.4K 368 2
                                    


အိမ်အကူ၏လက် တုန်လှုပ်သွားသည်။ မိန်းကလေးစူးက ရေချိုးဝတ်ရုံဝတ်ထားတာပြီး ဒုတိယသခင်လေးရဲ့အခန်းထဲမှာ ဟိုလိုလိုသည်လိုလိုနဲ့ မရေမရောပေါ်လာသည်ကို သူအသေအချာကိုမြင်လိုက်ရသည်။ ခဏတာလောက် တုံ့ဆိုင်းသွား၏။ ဒါဆို ညစာစားချိန်ရောက်ပြီဆိုတာ မိန်းကလေးစူးကို သူ မပြောရတော့ဘူးမလား ဟုတ်တယ်မလား။ အာ ကျိန်းသေပေါက်ကိုမလိုအပ်ဘူးပေါ့။ ဒါကြောင့် သူ တိတ်တိတ်ဆိတ်ဆိတ်ပဲ နောက်ကြောင်းပြန်လှည့်သွားလေ၏။

စူးကျင်းပေ သူ့အခန်းသူပြန်လာပြီး Cheongsam ဝတ်ဆင်ကာ ဒေါက်မြင့်ဖိနပ်စီးလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူမ အပြင်ထွက်လာပြီးနောက် ကျိုးရှစ်ယွင် ပြန်တွန်းတာခံရပြီး

"မင်းဖိနပ်လဲလိုက်"

"ရှင် ဘာတွေပြောနေတာလဲ"

"မင်း အခု ဒီလိုဟာတွေမစီးသင့်ဘူး"

စူးကျင်းပေ တွေးဆကာ ထို့နောက် အရင်ကကားထဲတွင် သူပြောခဲ့ဖူးသည့် 'ပြန်ပြီးမင်းဖိနပ်လဲလိုက်' ဆိုသည့်စကားအားသတိရလိုက်၏။

"ဒါပေမယ့် ကျွန်မက Cheongsam ဝတ်ထားတာလေ ဒေါက်မြင့်ဖိနပ်မပါဘဲ Cheongsam ဝတ်တာက အပြစ်တစ်ခုပဲ"

"ဒါဆိုလဲ မင်းအဝတ်အစားတွေပါလဲလိုက်"

ကျိုးရှစ်ယွင်ဟာ စူးကျင်းပေ၏အဝတ်အစားဆင်ယင်မှုနဲ့ပတ်သတ်၍ 'လုပ်မလား အသေခံမလား' သဘောထားကိုကျင့်သားရနေပြီး သူမအဝတ်အစားတစ်စုံလုံးကိုပါပြောင်းဝတ်ရန် ခွင့်ပြုပေးခဲ့လိုက်ရသည်။

"ဒါက အလုပ်ဖြစ်မှာမဟုတ်ဘူး ဖွားဖွားက ကျွန်မဒီလိုဝတ်ထားတာကိုမြင်ရတာ ကြိုက်တယ်လေ"

စူးကျင်းပေ သူ့ကိုကြည့်၍
"အမ် ကျွန်မအကြောင်းကို ဘာလို့ ရှင်အများကြီးဂရုစိုက်နေတာလဲ ဖြစ်နိုင်တာက........."

ကျိုးရှစ်ယွင်သည် တည်တည်ငြိမ်ငြိမ်ပြောလာ၏။
"မင်းက ငါ့လူနာ"

"ထပ်ပြီး ကျွန်မက ရှင့်သတို့သမီးလောင်းလေ ဟုတ်တယ်မလား"

စူးကျင်းပေ တခစ်ခစ်ရယ်ပြီး စနောက်ကာ သူ့ကိုနှစ်ချက်မျှပုတ်လိုက်၏။
"ကောင်းပြီ ကျွန်မ ရှင့်ကိုနားထောင်မယ် အခုပဲသွားလဲလိုက်မယ်"

Intense Love ( ဘာသာပြန် )Where stories live. Discover now