Chapter-8

4.7K 492 0
                                    


"အဆင်သင့်ပဲ သတင်းထောက်လျို ငါတို့ကဆေးရုံကိုလာတာ ပထမဆုံးပဲ ဒါကလုံးဝကိုအထူးသီးသန့်ပဲနော်"

"ရွှီကျားဝေက ဆေးရုံကဆင်းသွားပြီဆိုတော့ ငါတို့ဓာတ်ပုံရိုက်လို့မရသေးပေမယ့် စုကျင်းပေကတော့ဒီမှာရှိနေတုန်းပဲ။ ငါတို့သာသူ့ဓာတ်ပုံရိုက်နိုင်ခဲ့ရင် ငါတို့ကပထမဆုံးသိခွင့်ရတဲ့သူပဲ"

"အရမ်းကောင်းတယ်"

"ဒီလိုလေ အတွင်းလူတွေက စူးကျင်းပေနဲ့ရွှီကျားဝေတို့ဟာ တူညီတဲ့ကားမတော်တဆမှုကြောင့် တစ်နေ့တည်းမှာပဲဆေးရုံတစ်ခုထဲကိုပို့ဆောင်ခံရတယ်လို့ ဖော်ထုတ်ပြောကြားတယ်။ ယာဉ်မတော်တဆမှုကတော့ အသေးအဖွဲကိစ္စဖြစ်နေတုန်းပဲ။ အဓိကအချက်က သူတို့နှစ်ယောက်က ညနက်သန်းခေါင်မှာ ကားတစ်စီးတည်းမှာ ရှိနေခဲ့တာပဲ ငါတို့သာဒါကိုချက်ချင်းဖော်ထုတ်လိုက်တာနဲ့ ပေါက်ကွဲထွက်သွားမှာသေချာတယ်"

"ဟုတ်တယ်"

"ကောင်းပြီ သွားကြရအောင်"

တီးတိုးပြောနေသည့်လူနှစ်ယောက်၏အနောက်ဘက်တွင်တော့ စူးကျင်းပေသည် ခေါင်းငုံ့ပြီးဦးထုပ်ကိုပြင်ဆောင်းလိုက်သည်။ ကားမတော်တဆမှုက အသေးအဖွဲကိစ္စလား။ ဒီအစ်မကြီးရဲ့ဘဝက အသေးအဖွဲကိစ္စလား။ ဒီသေချင်နေတဲ့သတင်းထောက်တွေက သူ့အသိစိတ်တွေဆုံးရှုံးသွားတာပဲဖြစ်လိမ့်မယ်။

သို့ပေမယ့် နောက်ဆုံးမှာတော့သတင်းကပေါက်ကြားပြီး သူမကိုရှာရန် VIP အခန်းတွေကိုတောင်ရောက်လာခဲ့သည်။ သူမသည် ယခုအချိန်တွင်သူတို့အား မျက်နှာချင်းဆိုင်ရန်မတက်နိုင်ပေ။

စူးကျင်းပေသည် သူတို့နှစ်ဦး၏ခြေလှမ်းများကိုတစ်ချက်ကြည့်လိုက်ပြီး wheelchair အားသူ၏လက်ဖြင့်တစ်ဖက်သို့တွန်းလိုက်သည်။

"မင်္ဂလာပါ စူးကျင်းပေက ဘယ်အခန်းမှာလဲဆိုတာသိလား"

မနီးမဝေးတွင် ယောက်ျားတစ်ယောက်နှင့်မိန်းမတစ်ယောက်သည် သူနာပြုအား မေးရန်ရပ်တန့်လိုက်၏။ စူးကျင်းပေသည် wheelchair တွန်းနေသည့်လက်ကိုရပ်လိုက်ပြီး ခေါင်းကိုတခြားတစ်ဖက်သို့အမြန်လှည့်လိုက်သည်။

Intense Love ( ဘာသာပြန် )Where stories live. Discover now