Chapter-26

3.8K 381 4
                                    


တကယ်တော့ ကျိုးရှစ်ယွင်ဟာ လူသားဆန်ဆန်ဒီလိုကြင်နာတက်သည့်အရာတွေကို ကောင်းကောင်းမလုပ်တတ်တာကြောင့် ဒီလိုပွဲတွေကို တက်ရောက်ခဲသည်။ သို့သော် ငယ်စဉ်ကတည်းကစတင်ခဲ့သော ကျင့်ဝတ်ထုံးတမ်းအတန်းသည် အချည်းနှီး သင်ကြားခဲ့ခြင်းမဟုတ်ပေ။ ကျိုးမိသားစု၏သွေဖယ်မှုအရှိဆုံးဖြစ်သော ကျိုးရှစ်ယွင်ပင်လျှင် သူလုပ်ချင်သည့်အခါ စာအုပ်ကြီးအတိုင်း လုပ်ဆောင်နိုင်သည်။

ဖိုးဖိုးစူးက
"ကျန်းရှန့်မှာ နှလုံးသားရှိတာပဲ ဒီကျောက်စိမ်းစစ်တုရင်ခုံနဲ့ ကျောက်စိမ်းတွေက စစ်မှန်ပြီး အဖိုးတန်ပစ္စည်းတွေ၊ ငါရှာနေတာကြာပြီ"

"ဖိုးဖိုးကကြိုက်တယ်ဆိုတော့ ကျေနပ်ပါတယ်"

ကျောက်ရွှယ်ယန်က
"မင်းဒီကိုလာလာချင်း ဒီလိုမျိုးအများကြီးယူလာတာ အရမ်းယဉ်ကျေးလွန်းနေပါပြီ"

"ဒါက ကျွန်တော်လုပ်သင့်တာပါ"

ကျိုးရှစ်ယွင်ဟာ တိုးညှင်းစွာပြော၏။ စူးယွင်သုန်သည် သူ့ရှေ့တွင်ပင် ဘူးကိုဖွင့်ကြည့်လေသည်။ ဘူးထဲတွင် ပန်းချီရေးခြယ်ထားသော ဖြူပြာခွက် ၇ခွက်တစ်စုံရှိနေ၏။ ကြည့်လိုက်တာနဲ့တင် ရှေးရောင်းပစ္စည်းတစ်ခုမှန်းသိသည်။ စူးယွင်သုန်သည် ကျိုးရှစ်ယွင်အားစိုက်ကြည့်ပြီး သူပေးသမျှလက်ဆောင်ပစ္စည်းတိုင်းသည် လူတစ်ယောက်တည်းကိုသာရည်ရွယ်သည်။ သူ့အဖိုးသည် ဒီလိုအရာတွေကိုစုဆောင်းရတာနှစ်သက်သည်။

ကျိုးမိသားစုက သူတို့မိသားစုကိုကောင်းကောင်းကြီးနားလည်တာပဲ။

စူးယွင်သုန်က
"သခင်လေးကျိုး မင်းဒီတခါလာတာ ငါ့ညီမလေးကိုလာခေါ်တာလို့ကြားထားတာ ဒါကလည်း မင်းအစ်ကိုရဲ့ရည်ရွယ်ချက်ပဲလား"

ကျိုးရှစ်ယွင်သည် သူ့ကိုကြည့်၍ပြော၏။
"ကျွန်တော်နဲ့မိန်းကလေးစူးက စေ့စပ်ထားတာကြာနေပါပြီ။ ကျိုးမိသားစုက လွန်ခဲ့တဲ့အချိန်ကတည်းက ဒီလိုလုပ်ပေးခဲ့သင့်တာ နှစ်သစ်ကူးမတိုင်ခင် သူမကိုချက်ချင်း အဝေးခေါ်သွားမယ်ဆိုတာ နည်းနည်းမသင့်လျော်ဘူးလေ"

"မဟုတ်တာ မဟုတ်ဘူး အရမ်းသင့်လျော်ပါတယ်" ကျောက်ရွှယ်ယန်ဟာ အလျင်အမြန်ပြော၏။

Intense Love ( ဘာသာပြန် )Where stories live. Discover now