Chapter-78

3.4K 357 2
                                    


စူးကျားနန်ထံလာလည်ပြီးနောက် စူးကျင်းပေ၊ကျိုးရှစ်ယွင်နှင့်စူးယွင်သုန်တို့သည် စူးအိမ်တော်သို့ အရင်ပြန်လာခဲ့ကြသည်။

"လင်းမား လင်းမား ဝူထုန်ဘယ်မှာလဲ"

စူးကျင်းပေ ဆေးရုံမှာရှိနေစဉ်တွင် သူမကဝူထုန်ကို အိမ်မှာ ဒီအန်တီကိုဂရုစိုက်ထားခိုင်းခဲ့သည်။ ယခု သူမပြန်ရောက်လာပြီဖြစ်တာကြောင့် သူမ ဝူထုန်ကို ကမန်းကတန်းရှာတော့၏။

သူမအသံကြားတော့ အန်တီလင်းက မီးဖိုချောင်ထဲမှထွက်လာ၏။

"သခင်မလေးပြန်လာပြီ၊ ဝူထုန်က ဆိုဖာပေါ်မှာ အစာစားနေတယ်"

စူးကျင်းပေအနောက်တွင် ယောက်ျားတစ်ယောက်ရပ်နေသည်ကိုမြင်တော့ သူမကအလျင်အမြန်ဦးညွှတ်လိုက်သည်။

"သမက်လေး"

ကျိုးရှစ်ယွင် အသာခေါင်းငြိမ့်ပြလိုက်၏။ တကယ်တမ်း သူသည် ဒီနာမည်နဲ့နည်းနည်းတော့ မရင်းမနှီးဖြစ်နေဆဲပင်။

"စားနေတယ်? သူအခုထိ နေ့လယ်စာမစားရသေးဘူးလား"

"သူနေ့လယ်စာစားပြီးပါပြီ" လင်းမားက အပြုံးနှင့်ပြောလာသည်။

"ဒီအတိုင်း သူကလောဘကြီးနေရုံပဲ။ သူက သရေစာမုန့်တွေထားတဲ့နေရာပတ်ပတ်လည်ကို ဆက်တိုက်ချောင်းကြည့်နေတာ"

"လောဘကြီးတဲ့ကြောင်လေး"

စူးကျင်းပေက ဆိုဖာထံလျှောက်လာပြီးလှဲချကာ ဝူထုန်ကိုပွေ့ဖက်လိုက်သည်။

"နင်ကအခုထိစားရဲသေးတာလား၊ အစားကြီးတဲ့သူပဲ"

ဝူထုန်ရဲ့နှုတ်ခမ်းထောင့်တွေတွင် မုန့်အစအနတွေကပ်တင်နေ၏။

"မြောင်"

"နင့်ရဲ့ဒုတိယသခင်လေးကဒီမှာနော် နင်နောက်ထပ်စားမယ်ဆိုရင် အဆူခံရလိမ့်မယ်"

စူးကျင်းပေက နောက်လှည့်ကြည့်၍
"ကျိုးရှစ်ယွင် အခုက ရှင့်ရဲ့သံလက်သီးကိုထပ်ပြဖို့အချိန်ပဲ"

ကျိုးရှစ်ယွင်သည် အနားကပ်လာပြီး တွန့်ချိုးနေတဲ့သူ့နားရွက်လေးတွေကို ကြင်ကြင်နာနာပွတ်သပ်ပေး၏။

Intense Love ( ဘာသာပြန် )Where stories live. Discover now