Chapter-101

4.1K 366 3
                                    



သူမရေချိုးပြီးနောက် လိုင့်လိုင့်သည် စူးကျင်းပေကို ကျိုးရှစ်ယွင်အခန်းသို့ပြန်ခေါ်သွားခဲ့သည်။ သူတို့နှစ်ယောက်တံခါးဖွင့်ပြီးနောက် ကျိုးရှစ်ယွင်ကရေချိုးပြီးအဝတ်အစားလဲထားပြီးသားဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် စားပွဲကိုမှီ၍အောက်စိုက်ကြည့်နေကာ စိတ်ထိုင်းမှိုင်းဖွယ်နားလည်ရခက်သောနေရာသို့ သူတို့လျှောက်သွားကြသည်။

"ကျိုးရှစ်ယွင်"

"ထွက်သွား"

စူးကျင်းပေအံ့ဩသွား၏။ သူက သူမကိုထွက်သွားဖို့ပြောနေတာလားဟုတွေးမိသွားသည်။ သို့သော်လည်း လိုင့်လိုင့်ကသူမလက်ကို ခပ်မြန်မြန်လွှတ်လိုက်၏။

"အာ ကျင်းပေ ကျွန်မသွားတော့မယ်"

"အို့ အာ ကျေးဇူးတင်ပါတယ်"

"ရပါတယ် ကိစ္စမရှိပါဘူး"

လိုင့်လိုင့်တံခါးပိတ်လိုက်၏။ ကျိုးရှစ်ယွင် တံခါးပိတ်သံကိုကြားတော့ သူမကိုကြည့်လာ၏။ သူကရှေ့သို့ဖြည်းဖြည်းချင်းလျှောက်လာပြီး ရုတ်တရက် သူမပခုံးကိုသူ့လက်ဖြင့်ဆုပ်ကိုင်လိုက်သည်။ ကျိုးရှစ်ယွင်က သူမထံခေါင်းငုံ့မလာခင်အထိ စူးကျင်းပေတွင်စကားပြောဖို့အချိန်မရှိခဲ့ပေ။ သူသည် သူမကိုစူးရှရှခံစားမိစေရန်ရည်ရွယ်ရင်း သူမနှုတ်ခမ်းကို အားပါပါဖြင့်ကိုက်လိုက်လေသည်။

စူးကျင်းပေ မထိန်းနိုင်တော့ပေ။ သူမသည် ကျိုးရှစ်ယွင်အင်္ကျီကို သူမဆီသို့တင်းတင်းကြပ်ကြပ်ဆွဲယူလိုက်ပြီး သူတို့နှုတ်ခမ်းနှစ်စုံကြားတွင် သူမညည်းသံများပျောက်ဆုံးသွားခဲ့သည်။

"မင်းဘယ်လောက်ဆိုးလိုက်လဲ"

ကျိုးရှစ်ယွင်သည် အနည်းငယ်နောက်ဆုတ်သွားကာ သူမကိုစိုက်ကြည့်နေသောမျက်ဝန်းတွေထဲ၌ ရက်စက်မှုအရိပ်အယောင်များရှိနေ၏။

စူးကျင်းပေတစ်ယောက် ပေကလတ်ပေကလတ်လုပ်နေပြီး
"ဟင်"

"ရှောင်ယွမ်ကို အနီးနားမှာပဲရှာသင့်တယ်လို့ ကိုယ်မင်းကိုပြောခဲ့တယ်လေ၊ အဝေးကြီးကိုဘာအတွက်ပြေးသွားခဲ့ရတာလဲ။ တကယ်လို့ မင်းသူ့ကိုရှာမတွေ့ရင် ပြန်လာခဲ့သင့်တယ်လေ။ အပြင်မှာလျှောက်ပတ်သွားတာကဘယ်လောက်အန္တရာယ်များလဲဆိုတာ မင်းသိရဲ့လား"

Intense Love ( ဘာသာပြန် )Where stories live. Discover now