Chapter-75

3.4K 386 1
                                    


ကျိုးရှစ်ယွင်သည် အဝေးမှ စူးကျင်းပေလာနေသည်ကိုမြင်နေရသည်။ သူမက အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ခမ်းခမ်းနားနားနှင့်လက်ခံနိုင်ဖွယ်မရှိပေ။ သူ အသာမျက်မှောင်ကြုတ်မိ၏။ ပါးပါးလေးသာဝတ်ထားပြီး သူမကအပြင်ထွက်လာတယ်။ ကျိုးရှစ်ယွင် လျှောက်လာ၏။

"မင်းအဝတ်အစားတွေဘယ်မှာလဲ"

စူးကျင်းပေ ပေကလတ်ပေကလတ်လုပ်၍ "ဘာအဝတ်အစားလဲ"

"မင်းဒီလိုဝတ်ထားတာမအေးဘူးလား"

"အို့ ရှင့်ကိုတွေ့ဖို့ကျွန်မမြန်မြန်ထွက်လာခဲ့တာ၊ ယူခဲ့ဖို့မေ့သွားတယ်။ တကယ်အေးတာပဲ၊ ကားထဲဝင်ရအောင်"

ကျန်းကျောက်က သူ့လက်ထဲတွင်ကုတ်အင်္ကျီတစ်ထည်ကိုင်ထား၏။ သူ့အင်္ကျီပင်၊ စူးကျင်းပေ ဤသို့ပြောသည်ကိုကြားတော့ မသိစိတ်၏စေ့ဆော်မှုအရ သူပြောလာသည်။

"ကျင်းပေ ဒီကုတ်အင်္ကျီကိုယူပြီး အရင်ဝတ်ထားလိုက်"

ကျိုးရှစ်ယွင် တုံ့ဆိုင်းသွားကာ သူ့အကြည့်တွေသည် စကားပြောနေတဲ့ကျန်းကျောက်မျက်နှာထံသို့ ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်၏။ ထိုအကြည့်တွေဟာ ပေါ့ပေါ့ပါးပါးဆိုပေမယ့်လည်း ခံ့ညားထည်ဝါကာအဟန့်ကောင်းနေသည်ဟု ကျန်းကျောက်ခံစားနေရသည်။

"ကျေးဇူးပါပဲ၊ ဒါပေမယ့် မလိုဘူး"

ကျိုးရှစ်ယွင်က သူမအတွက်ပြောပေးလိုက်သည်။ ကျန်းကျောက်သည် အချိန်ခဏမျှအံ့အားသင့်သွားပြီး သူ့လက်ကိုနောက်ပြန်ဆုတ်လိုက်လေသည်။

ကျိုးရှစ်ယွင်သည် သူ့ကုတ်အင်္ကျီကိုချွတ်၍ စူးကျင်းပေကိုယ်ပေါ်တွင် ဝတ်ပေးလိုက်သည်။ ထို့နောက် သူမလက်မောင်းထဲက ဝူထုန်ကိုခေါ်၏။

"သွားရအောင်"

စူးကျင်းပေ သူမနှုတ်ခမ်းတွေကော့တက်သွားကာ သူ့ကုတ်အင်္ကျီထဲတိုးဝှေ့လိုက်ပြီး ကားပါကင်ဆီ သူ့အနောက်မှလိုက်လာခဲ့သည်။ ကားထဲမှအပူပေးစက်ကို သင့်တင့်သည့်အပူချိန်ဖွင့်ထားတာကြောင့် စူးကျင်းပေသည် သူ့ကုတ်အင်္ကျီကိုချွတ်လိုက်တော့သည်။

Intense Love ( ဘာသာပြန် )Where stories live. Discover now