Chapter-67

3.3K 378 2
                                    


"ငါ့နောက်လိုက်ခဲ့"

စူးကျင်းပေသည် ရှလုလက်ကိုဆွဲ၍ သူမကိုတံခါးအပြင်ဆွဲခေါ်သွားတော့သည်။

"သူတို့ကိုတားလိုက်" နောက်ဆုံးတွင် ပရိုဂျူဆာကျန်းထရပ်လိုက်၏။

"အခု ငါဘယ်သူလဲဆိုတာ မင်းတို့ကိုပြမယ်"

တခြားယောင်္ကျားသားများသည်လည်း မြန်မြန်ပဲ စူးကျင်းပေကိုဆွဲရန် အရှေ့သို့လှမ်းလာကြသည်။ ရှလုသည် ဘေးနားတွင် စိုးရိမ်တကြီးငိုနေ၏။

"သူမကိုအနိုင်မကျင့်ပါနဲ့။ ကျွန်မနေမယ် ကျွန်မနေခဲ့မယ် ဟုတ်ပြီလား"

"သူမလည်း နေခဲ့ရမယ်"

ပရိုဂျူဆာကျန်းက ရှေ့သို့လှမ်းလာပြီး စူးကျင်းပေမေးကိုဖိညှပ်ရန် လက်လှမ်းလိုက်၏။ သူအရှေ့သို့လှမ်းလာချိန်တွင် ဝိုင်အနံ့သည် လေထဲတွင်မြန်မြန်ဆန်ဆန်ပျံ့နှံ့သွား၏။

စူးကျင်းပေက သူ့ကိုဒေါသတကြီးစိုက်ကြည့်နေပေမယ့်လည်း လုံးဝမရွေ့ပေ။

"ဒီစိတ်ပျက်စရာအပုပ်နံ့တွေ! ကျွန်မကိုသွားခွင့်ပေးဖို့ ကျွန်မရှင့်ကိုအခွင့်အရေးတစ်ခုပေးမယ်"

ပရိုဂျူဆာကျန်းရဲ့အကြည့်တွေကျဉ်းမြောင်းသွား၏။ စူးကျင်းပေကိုဆွဲ၍ သူမဘေးနားကစားပွဲပေါ်သို့ သူမကိုတွန်းပစ်လိုက်သည်။ စူးကျင်းပေရဲ့နောက်ကျောဟာ စားပွဲထောင့်စွန်းနဲ့အပြင်းအထန်းတိုက်မိသွားလေသည်။ စူးရှရှနာကျင်မှုသည် သူမကိုမူးမေ့လုနီးပါးဖြစ်စေ၏။ သို့သော် ပရိုဂျူဆာကျန်းရဲ့ဝတုတ်ပြီးအဆီထွက်နေတဲ့ခန္ဓာကိုယ်က အပေါ်သို့မတက်လာခင်အထိ သူမတွင်ပြန်တုံ့ပြန်ရန်အချိန်မရှိခဲ့ပေ။

"ကျင်းပေ!! ရှင် သူ့ကိုလွှတ်ပေးလိုက်ပါ။ ကျွန်မရှင့်ကိုတောင်းပန်ပါတယ်"

ရှလုကို အနောက်ကနေထိန်းချုပ်ထားပြီး သူမမျက်နှာတွင်လည်းမျက်ရည်တွေနှင့်ပင်။

စူးကျင်းပေ အသည်းအသန်ရုန်းကန်နေရပေမယ့်လည်း အဆုံးမှာတော့ သူမက မိန်းမသားတစ်ယောက်ပင်။ သူမ ဘယ်လောက်ပဲအင်အားကြီးနေပါစေ အရပ်ရှည်ရှည်၊ခန္ဓာကြီးကြီး ယောင်္ကျားသားတစ်ယောက်ကိုတော့ မတောင့်ခံနိုင်ခဲ့ပေ။

Intense Love ( ဘာသာပြန် )Where stories live. Discover now