Chapter-38

3.4K 362 2
                                    


မနေ့က လက်ကိုင်ထားတဲ့ထိုလူဟာ ကျိုးရှစ်ယွင် ဖြစ်ကြောင်းဟယ့်တီကိုပြောပြီးနောက် ဟယ့်တီက သူမဆီကိုနှောင့်ယှက်ရန်ဖုန်းခေါ်ဆိုမှုတွေကိုရပ်တန့်ခဲ့သည်။ နောက်ပိုင်းအသစ်တက်လာတဲ့သတင်းတွေကို စစ်ဆေးရန် စူးကျင်းပေ weibo ဖွင့်လိုက်ချိန်တွင် ဟယ့်တီဟာ 'သူငယ်ချင်းတွေ' ဆိုသည့်ကြေငြာချက်ကိုထုတ်ပြန်ထားခဲ့သည်။ နေ့လည်စာစားပြီးနောက် စူးကျင်းပေနှင့်ကြောင်ဖက်တီးလေးဝူထုန်သည် ခြံထဲတွင်လမ်းလျှောက်နေကြသည်။  အတိအကျပြောရရင် စူးကျင်းပေသာလမ်းလျှောက်နေပြီး ဝူထုန်ကတော့ သူ့ကိုယ်ပိုင်အနားယူနေဟန်ဖြင့် သူမလက်မောင်းထဲတွင်နေနေ၏။

"နင် ကြောင်ငပျင်းလေး ငါနင့်ကိုလမ်းလျှောက်ဖို့ပြောတော့ မြေကြီးပေါ်ဇွတ်အတင်းလှဲချပြီး ငါ့ကိုချီခိုင်းဖို့တောင်းဆိုတယ်"

ဝူထုန် သမ်းလိုက်ပြီး လေးတွဲ့တွဲ့နှင့် သူ့မျက်လုံးမှေးကြည့်ကာ သူ့မျက်နှာပေါ်တွင် 'နင်ကငါ့ရဲ့တာဝန်ပေးထားတဲ့သူပဲ' ဟူ၍ပြောနေ၏။ စူးကျင်းပေ ထိုအရာကိုမြင်တော့ သူ့အမြှီးကိုစိတ်ဆိုးတကြီးဆွဲကာ

"မာနကြီးတဲ့ကြောင် နင်ကနင့်ရဲ့ဒုတိယသခင်လေးနဲ့တပုံစံထဲပဲ ကျိုးမိသားစုက ဒီလိုလူမျိုးတွေကိုပဲပြုစုပျိုးထောင်နိုင်စွမ်းရှိတာလား"

သူမပြောပြီးချိန်တွင် သူမနောက်မှ သာယာညင်သာသောရယ်သံတိုးတိုးလေး ရုတ်တရက်ထွက်ပေါ်လာသည်။ စူးကျင်းပေနောက်လှည့်ကြည့်လိုက်တော့ ဝှီးချဲပေါ်တွင်ထိုင်နေသည့် ကျိုးကျန်းရှန့်ကိုတွေ့လိုက်ရ၏။

"အာ....မစ္စတာကျိုး"

ကျိုးကျန်းရှန့်၏မျက်ဝန်းတွေသည်နူးညံ့သိမ်မွေ့နေပြီး ညင်ညင်သာသာပြော၏။
"ရှစ်ယွင်ခေါ်သလိုပဲ အစ်ကိုလို့ပဲခေါ်ပါ"

စူးကျင်းပေ ရှက်ရွံ့စွာနှင့်ခေါင်းငြိမ့်၏။ "အစ်ကိုကြီး"

ကျိုးကျန်းရှန့်ဟာ ဝှီးချဲအား သူ့နောက်ကကျိုးရန်ကို အရှေ့သို့တွန်းခိုင်းသည်။ သူ လက်ဆန့်ထုတ်ကာ ဝူထုန်ကိုပွတ်သပ်ပြီး အပြုံးတစ်ပွင့်နှင့်အတူပြောလာ၏။

Intense Love ( ဘာသာပြန် )Where stories live. Discover now