Chapter-59

3.4K 358 0
                                    


"Tsk ဘာလို့ဘာမှမပြောတာလဲ"

ကျိုးရှစ်ယွင် သတိပြန်ဝင်လာကာ
"မင်း ပြန်မလာတော့တာမှမဟုတ်တာကို ဘာလို့လွန်လွန်ကဲကဲဖြစ်နေရတာလဲ"

စူးကျင်းပေ နှုတ်ခမ်းစူလိုက်၏။
"တစ်ပတ်လုံး ကျွန်မကိုအိမ်မှာထားခဲ့ဖို့ ဘယ်သူကပြောလို့လဲ"

"ကိုယ့်မှာလူနာတွေရှိတယ်လေ"

"ဟုတ်ပါပြီ ဟုတ်ပါပြီ ရှင့်လူနာတွေကပဲရှင့်ရဲ့ပထမဦးစားပေးပါပဲ"

စူးကျင်းပေ သူမအဝတ်အစားတွေကိုကောက်ထည့်ရင်း
"ရှင်တစ်ယောက်ပဲအလုပ်များနေတယ်လို့မထင်နဲ့ ကျွန်မလည်းအလုပ်များနေတယ်"

ပြောပြီး စူးကျင်းပေသည် အဝတ်အစားလဲရန် သူမအခန်းထဲသို့ စိတ်ဆိုးပြီးဝင်သွားလေသည်။ မည်သို့ပင်ဆိုစေ ငါးမိနစ်ကြာပြီးနောက်...စူးကျင်းပေသည် ကျိုးရှစ်ယွင်ရှေ့၌ အေးစက်စက်မျက်နှာပေးနှင့်ရပ်နေ၏။

"ဒီဝတ်စုံရဲ့ခံစားမှုကိုမမေ့နဲ့"

ကျိုးရှစ်ယွင်မော့ကြည့်လိုက်ပြီးပဟေဠိဖြစ်နေ၏။ စက္ကန့်များစွာကြာပြီးနောက် စူးကျင်းပေ သူမအခန်းထဲပြန်ဝင်သွားပြန်သည်။ ထို့နောက် ပြန်ထွက်လာပြန်၏။ သို့သော် သူမအဝတ်အစားကတော့မတူတော့ပေ။

"ဒီဟာကပိုကြည့်ကောင်းတာလား ဒါမှမဟုတ် ခုနကဟာကပိုကြည့်ကောင်းတာလား"

ကျိုးရှစ်ယွင် "............"

စူးကျင်းပေဟာ အဝတ်အစားလှလှလေးတွေနှင့်ပတ်သတ်လာလျှင် လုံးဝမဆုံးဖြတ်နိုင်ပေ။

"နှစ်စုံလုံးကကြည့်ကောင်းနေတယ်နော် ဟုတ်တယ်မလား"

ကျိုးရှစ်ယွင်သည် ခုနလေးတင် သူမဝတ်ဆင်ခဲ့သည့်ရှပ်အင်္ကျီနှင့်ဂျင်းဘောင်းဘီ၊ ဖိနပ်အဖြူနှင့်ကုတ်အင်္ကျီရှည်ကို ပြန်လည်သတိရကာ ယခု သူမသည် သားရေဂါဝန်တို၊ ဒေါက်မြင့်ဖိနပ်နှင့် အနီရောင်ဂျာကင်အင်္ကျီကို၀တ်ဆင်ထား၏။ မတူညီတဲ့စတိုင်နှစ်မျိုးနှင့် ပင်ကိုယ်စရိုက်ရှင်းလင်းမှုနှစ်မျိုး။ တစ်ခုချင်းစီတွင် ကိုယ်ပိုင်ဆွဲဆောင်မှုနှင့်ပင်။

သို့သော်လည်း ကျိုးရှစ်ယွင်သည် ယခုသူမဝတ်ထားသည့် စကတ်တိုအောက်မှခြေတံရှည်များကို တစ်ချက်ကြည့်လိုက်သည်။ စကတ်ကအရမ်းတိုလွန်းတယ်။ မသင့်တော်ဘူး။

Intense Love ( ဘာသာပြန် )Where stories live. Discover now