Chapter-119

3.8K 344 1
                                    



ပထမဆုံးအကြိမ်ရုပ်ရှင်ထုတ်လွှင့်ပြသပြီးနောက် တုံ့ပြန်ချက်တွေသည်အံ့ဩစရာကောင်းလောက်အောင်ကောင်းမွန်၏။ အဲဒီနေ့က ရုပ်ရှင်ကြည့်ဖို့ဖိတ်ခေါ်ခံရတဲ့ဝါရင့်ရုပ်ရှင်သမားတွေအားလုံးကတောင် ၎င်းရုပ်ရှင်အပေါ်သူတို့၏ထင်မြင်ချက်တွေကို Weibo တွင်တင်ထားကြသည်။

'Crisis City' ထဲကစစ်ပွဲဇာတ်ကွက်တွေသည် အရည်အသွေးမြင့်တိုက်ခိုက်ရေးအထူးပြုလုပ်ချက်များဖြင့် ထိတ်လန့်စရာကောင်းပြီး ဇာတ်လမ်းဇာတ်ကြောင်းသည်လည်းချောမွေ့ကာ ဇာတ်ကားတစ်ကားလုံးပျင်းစရာကောင်းမနေခဲ့ပေ။ ကျန်းရွှယ်ချန်း၏အလုပ်နှင့်ထိုက်တန်သည်ဟု လူတိုင်းကသက်ပြင်းချကြပြီး သူ့အလုပ်ကပရိသတ်တွေကို ဘယ်တော့မှစိတ်မပျက်စေခဲ့ပေ။

ခေါင်းဆောင်မင်းသားဟန်ဝမ်ပင်းသည်လည်း အလွန်ချီးကျူးခံနေရ၏။ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်နဲ့ ရုပ်ရည်က အွန်လိုင်းပေါ်မှာအမြဲရှိနေပြီး သိမ်မွေ့တဲ့အမူအရာအားလုံးကို ကောင်းကောင်းကိုင်တွယ်ထားနိုင်သည်။

ဟန်ဝမ်ပင်းအပြင် နောက်ထပ်ချီးကျူးခံရသောလူတစ်ဦးမှာစူးကျင်းပေဖြစ်သည်။ ဒီရုပ်ရှင်၌ အမျိုးသားတွေကအဓိကဇာတ်ကောင်အဖြစ်သရုပ်ဆောင်ထားတာကြောင့် သူမမှာဇာတ်ကွက်အများကြီးမရှိပေ။ သို့သော် စူးကျင်းပေ၏ယခုတစ်ကြိမ်သရုပ်ဆောင်ချက်မှာ အလွန်ထူးချွန်ပြောင်မြောက်လှသည်။ ဤဇာတ်ကားထဲကဇာတ်ကောင်တွေဟာ သူမရဲ့စွမ်းဆောင်ရည်ကြောင့် တောက်ပြောင်ပြီးအထီးကျန်ဆန်၏။

ခေါင်းဆောင်မင်းသားကသူမကို ရန်သူတိုင်းပြည်တွင်သူလျှိုလုပ်ရန်စီစဉ်ပေးပြီး ရန်သူတိုင်းပြည်၏စစ်ဗိုလ်ချုပ်များကို သွေးဆောင်ဖြားယောင်ကာ နောက်ဆုံးတွင် မြို့ရိုးအောက်၌သေဆုံးသွားလေသည်။ ဇာတ်လမ်းဇာတ်ကွက်အားဖြင့် စူးကျင်းပေဇာတ်ကောင်၏ချစ်ခြင်းမေတ္တာအတွက်စိတ်ပိုင်းဖြတ်ချက်ကို ပြတ်ပြတ်သားသား ကွက်ကွက်ကင်းကင်းဖော်ပြထား၏။

စူးကျင်းပေသေဆုံးတဲ့ဇာတ်ဝင်ခန်းသည် ရုပ်ရှင်၏မျက်ရည်ကျရသည့်အခန်းဖြစ်လာခဲ့သည်။ ကြည့်ရှုပြီးနောက်မှာတော့ ပရိသတ်တွေက ဒီဇာတ်ရုပ်ဟာသူမအတွက်အလွန်သင့်တော်ကြောင်း၊ အရင်ကသူမသရုပ်ဆောင်ဖူးတဲ့ဇာတ်ရုပ်တွေထက် ပိုအံ့ဩစရာကောင်းတယ်လို့ပြောကြ၏။

Intense Love ( ဘာသာပြန် )Where stories live. Discover now