Chapter-71

3.4K 382 3
                                    



"ကျင်းပေ ငါတို့ကြားမှာ နင်ငါ့ကိုဖုံးကွယ်ထားဖို့လိုအပ်တဲ့ကိစ္စတွေရှိနေတုန်းလား"

ရွှယ်ယင်းသည် သူမမျက်နှာအမူအရာကိုမြင်တာနဲ့ ဤအရာသည်အသေးအဖွဲကိစ္စမဟုတ်ဘူးဆိုတာသိသည်။

"ရှလုအခြေအနေကစိုးရိမ်ရလို့လား"

စူးကျင်းပေသည် ခေါင်းအုံးပေါ်တွင်မေးစေ့တင်ထား၏။ အချိန်အတော်ကြာပြီးနောက် နည်းနည်းမချင့်မရဲဖြင့်မေးလာသည်။

"အားယင်း ရှလုအကြောင်းကိုနင်ဘယ်လောက်ထိနားလည်လဲ"

"နားလည်တယ်? ရုတ်တရက်ကြီးဘာလို့လဲ"

ရွှယ်ယင်းက ဤကိစ္စကထူးဆန်းတယ်လို့ထင်ပေမယ့် ဆက်ပြောလာသည်။

"ငါကနင့်ကြောင့်ပဲရှလုကိုသိခဲ့တာလေ၊ အကျိုးသင့်အကြောင်းသင့်ပြောရရင် နင်ကသူ့ကိုအရင်သိပြီးတော့ တူညီတဲ့လောကထဲမှာပဲ အလုပ်လုပ်နေကြတာလေ၊ သူ့ကိုငါ့ထက်ပိုပြီးနင်ကနားလည်နေရမှာ"

"......အဲ့လိုလား"

"အင်း ဒါပေမယ့် ရှလုကအရမ်းချစ်ဖို့ကောင်းတဲ့မိန်းကလေးလို့တော့ငါထင်တယ်။ နင်သူ့ကိုစသိချိန်တုန်းက သူကသူ့သူငယ်ချင်းတွေအကြောင်းကိုဂရုစိုက်ပြီး အကျင့်စရိုက်ကောင်းတွေရှိတယ်ဆိုတာကို နင်ခံစားနိုင်တယ်။ အာ...ငါ့အမြင်မှာတော့ သူမကအလုပ်လုပ်နေတဲ့အချိန်ဆို အရမ်းလုံ့လဝီရိယရှိပြီးကြိုးစားလုပ်တယ်"

"အင်း ရှလုကတကယ်အဲ့ဒီအတိုင်းပဲ"

စူးကျင်းပေ သက်ပြင်းချလိုက်သည်။

"ငါ့ကိုပြော ဒီလိုအရာတွေလုပ်တဲ့ထိရွေးချယ်ခဲ့ဖို့ သူမကိုသူမဘယ်လောက်ဖိအားပေးခဲ့ရမလဲ"

"ဘာ"

စူးကျင်းပေသည် သူမကိုကြည့်ပြီး နောက်ဆုံးတွင် ရွှယ်ယင်းအား မနေ့ကဖြစ်ပျက်ခဲ့သည်များကိုပြောပြလိုက်တော့သည်။

"ဘယ် ဘယ်လိုလုပ်ဒါကဖြစ်နိုင်မှာလဲ"

"ဖြစ်နိုင်ရင် ငါလည်းဒါကိုမယုံချင်ခဲ့ဘူး"

ရွှယ်ယင်းသည် စူးကျင်းပေက သူမကိုသူမအပြစ်တင်နေတာကိုမြင်နေရပြီး သူမပခုံးအားပုတ်ပေးလိုက်၏။

Intense Love ( ဘာသာပြန် )Where stories live. Discover now