Chapter-99

3.3K 350 2
                                    



'ထိတ်လန့်ခြင်း' ဟူသောစကားလုံးသည် ကျိုးရှစ်ယွင်၏အဘိဓာန်တွင်မရှိပေ။ သူ၏ပင်ကိုယ်စိတ်ထားကြောင့်သာမက ဆရာဝန်တစ်ဦးအနေနဲ့ပါသူ့အလုပ်တွင်ကျွမ်းကျင်တာကြောင့်ဖြစ်သည်။ ဆရာဝန်တစ်ယောက်အတွက်အရေးအကြီးဆုံးက စိတ်တည်ငြိမ်ဖို့ပဲ။ သူသည် နေ့စဉ်နှင့်အမျှ မရေမတွက်နိုင်သော အသက်နှင့်သေဆုံးခြင်းများကို ကိုင်တွယ်ဖြေရှင်းရသည်။

အကယ်၍ သူသာ အသေးအဖွဲကိစ္စများ၌ အထိတ်တလန့်ဖြစ်နေခဲ့လျှင် အခြားသူတွေကိုမည်သို့ကယ်တင်နိုင်မည်နည်း။ သို့သော် စူးကျင်းပေနှင့်ပတ်သက်သည့်ကိစ္စများကြုံလာရသောအခါတွင် သူသည် ၎င်းတည်ငြိမ်မှုကို ထပ်တလဲလဲဆုံးရှုံးခဲ့ရသည်။ မိုးရွာတဲ့ညမှာ စူးကျင်းပေတစ်ယောက်တည်း အားကိုးရာမဲ့ဖြစ်နေမည်ကို သူသိလိုက်ရတော့ သူ့နှလုံးတွေခုန်ပေါက်သွားပြီး အကြောင်းပြချက်မရှိ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

သူလည်းကြောက်တယ်၊ သူမတစ်နေရာရာမှာပိတ်မိနေပြီး ထွက်လမ်းရှာလို့မရနိုင်တော့မှာကိုကြောက်တယ်၊ မိုးအေးအေးထဲမှာ သူမခိုက်ခိုက်တုန်အောင်ချမ်းနေမှာကိုလည်းကြောက်တယ်၊ ထိခိုက်ဒဏ်ရာဖြစ်လိမ့်မည်ဆိုတဲ့အတွေးကို ပိုလို့တောင်ကြောက်လာ၏။ သူသည် ဤသို့များစွာသောအရာများကို ကြောက်ရွံ့နေလိမ့်မည်ဟု ဘယ်တော့မှမသိခဲ့ပေ။ သို့ပေမဲ့ သူမကိုမတွေ့မချင်း သူ့စိတ်ကို တည်ငြိမ်အောင်ထားနိုင်မည်မဟုတ်....။

"စီနီယာ!"

"သူမ မသွားခင်ဘာပြောသွားခဲ့သေးလဲ"

ကျိုးရှစ်ယွင်သည် လင်ချင်းဝေ့သူ့ကိုညွှန်ပြသည့်နေရာနားတွင်ရပ်ကာ နောက်လှည့်၍မေး၏။

"သူမတကယ်တခြားဘာမှမပြောခဲ့ပါဘူး၊ ကလေးရှာတွေ့ပြီလားမေးဖို့ ပြန်သွားမယ်လို့ပဲပြောခဲ့တာ"

ကျိုးရှစ်ယွင်သည် ဓာတ်မီးဖွင့်၍ သူ့ပတ်ဝန်းကျင်ကိုမီးထိုးကာ လှည့်ပတ်ရှာနေသည်။ သူ့အရှေ့မှာရှိနေသည့်အရာကိုပဲ သူမြင်နိုင်ရုံသာရှိ၏။ အကယ်၍ သူမသာ တွင်းထဲသို့မတော်တဆ ပြုတ်ကျပြီးမေ့လဲသွားပါက သူတို့တစ်ယောက်မှ သူမကိုရှာတွေ့နိုင်မည်မဟုတ်ပေ။

Intense Love ( ဘာသာပြန် )Where stories live. Discover now