Chapter-68

3.4K 371 1
                                    


ကျိုးရှစ်ယွင်သည် ပရိုဂျူဆာကျန်းကိုကြမ်းပြင်ပေါ်တွင် ဆက်ပြီးမထိန်းချုပ်ထားတော့ပေ။ စူးကျင်းပေကို သူလှည့်ကြည့်လိုက်သည်။

"မင်းအဆင်ပြေရဲ့လား"

စူးကျင်းပေ အင်တင်တင်ဖြင့်ခေါင်းငြိမ့်လိုက်၏။

"အဆင်ပြေပါတယ် ဒါပေမယ့် ကျွန်မနောက်ကျောကနည်းနည်းနာနေတယ်"

ကျိုးရှစ်ယွင် မျက်မှောင်ကြုတ်ပြီး သူမကိုလက်လှမ်းလိုက်၏။

"မင်းလမ်းလျှောက်နိုင်ရဲ့လား"

"အင်း"

သူမနောက်ကျောဟာ စစထိခိုက်မိတုန်းက အရမ်းနာကျင်နေခဲ့ပေမယ့်လည်း အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် ပိုကောင်းသွားသလိုခံစားရ၏။ သို့သော် အခု သူမလမ်းလျှောက်နိုင်သော်လည်း သူမကိုယ်ကို ကျိုးရှစ်ယွင်ကိုယ်ပေါ်၌သာ ရှိချင်နေဆဲပင်ဖြစ်ပြီး သူ့အား သူမကိုခေါ်ဆောင်သွားစေချင်၏။

သူမကို ဝက်ကိုယ်လုံးနဲ့လူဝကြီးက အောက်မှာဖိထားတဲ့အချိန်ကို သူမသတိရလိုက်၏။ သူမလုံးဝကြောက်မနေခဲ့ဘူးလို့ ပြောဖို့ဆိုတာ မဖြစ်နိုင်ပေ။ သို့ပေမယ့် သူရောက်လာမယ်ဆိုတာ သူမသိနေခဲ့သည်။ စားပွဲထိုးက သူမတစ်ယောက်ယောက်ကိုဆန့်ကျင်နေတာမြင်ပြီးနောက် သူ့ကိုအကြောင်းကြားရန် သူမတို့အခန်းကို ကျိန်းသေပေါက်သွားလိမ့်မည်။ ပရိုဂျူဆာကျန်းသည် အရမ်းရဲရင့်လွန်းတာကြောင့် သူမရဲ့မျှော်မှန်းချက်များကို ကျော်လွန်ကာ သူမကိုအခွင့်ကောင်းယူလုနီးပါးဖြစ်ရခြင်းပင်။

အဆုံးမှာတော့ သူဒီမှာရှိနေတာကြောင့် သူမက ဤလူအဖွဲ့နဲ့အရှက်မရှိ ရန်ဖြစ်ရဲခြင်းဖြစ်၏။

"ကျင်းပေ" ရှလုပြေးလာ၏။ "ကျင်းပေ နင်အဆင်ပြေလား"

စူးကျင်းပေသည် သူ့နှုတ်ခမ်းထောင့်စွန်းကိုကိုက်၍ ရှလုလက်ကိုလှမ်းဆွဲ၏။

"ငါနဲ့အပြင်ထွက်ခဲ့"

ရှလု ခေါင်းငုံ့ထားပြီး သူမနှုတ်ခမ်းတွေသည် နည်းနည်းဖြူဖျော့နေ၏။

သူတို့သုံးယောက်အပြင်ထွက်သွားပြီးနောက် အခန်းထဲမှဒုက္ခပေးတဲ့လူအုပ်စုဟာ အရှက်ရနေပုံပေါ်သည်။

Intense Love ( ဘာသာပြန် )Where stories live. Discover now