Chapter-79

3.3K 356 2
                                    


"အမ်!"

စူးကျင်းပေသည် ညာဘက်နံရံပေါ်ကို အတော်ကြာစိုက်ကြည့်နေ၏။

"ဘာလို့ဒီအခန်းက ကျွန်မဓာတ်ပုံတွေအပြည့်ဖြစ်နေရတာလဲ"

သူမကလေးတုန်းကပုံတွေ၊မူလတန်း၊ဂျူနီယာအထက်တန်းနဲ့အထက်တန်းကျောင်းတုန်းကပုံတွေ.....သူမမွေးတဲ့နှစ်ကစ၍ နှစ်တိုင်းနှစ်တိုင်းမှတစ်ပုံချင်းစီရှိ၏။

"အို့ အခုကျွန်မသတိရပြီ၊ အရင်က ကျွန်မ ဒီအခန်းမှာနေလေ့ရှိပေမယ့် နောက်ကျတော့ ကျွန်မတခြားအခန်းသစ်လိုချင်ခဲ့တာကြောင့် ဒီအခန်းကနေပြောင်းသွားခဲ့တာ"

စူးကျင်းပေက မုန့်ပန်းကန်ကိုအောက်ချလိုက်လေသည်။

"ကျွန်မအမေက ဒီဟာကိုရည်ရွယ်ချက်ရှိရှိလုပ်ပြီး ရှင့်ကိုဒီမှာနေခွင့်ပေးလိုက်တာပဲ။ ဟေ့ စောနက ဒါတွေကို ရှင်အကြာကြီးလိုက်ကြည့်နေခဲ့တာလား"

ကျိုးရှစ်ယွင်တိတ်ဆိတ်နေ၏။

"အရင်က ကိုယ်မမြင်ဖူးတဲ့ပုံအချို့လည်းရှိတယ်"

"ပုံအချို့!" စူးကျင်းပေ မှင်သက်နေမိသည်။

"ရှင် တခြားဟာတွေကို အရင်ကမြင်ဖူးတယ်ပေါ့၊ ကျွန်မကလေးဘဝကဓာတ်ပုံတွေ အွန်လိုင်းပေါ်မှာတစ်ခါမှ မပေါက်ကြားဖူးပါဘူး"

"မင်းဓာတ်ပုံတွေကိုမြင်ရဖို့ ကိုယ်ကအွန်လိုင်းပေါ်တက်ဖို့လိုလို့လား"

ကျိုးရှစ်ယွင် သူမကိုဖျက်ခနဲကြည့်လိုက်၏။

"ကိုယ်ကလေးဘဝတည်းက မင်းဓာတ်ပုံတွေကိုအမြဲတမ်းမြင်နေခဲ့တာ"

"အဟွတ် အဟွတ် အဟွတ်........"

စူးကျင်းပေသည် တံတွေးသီးလုနီးပါးပင်။

"တကယ်ကြီးလား၊ ဒါဆို ရှင့်ဓာတ်ပုံတွေကိုကျတော့ ကျွန်မကို ဘာလို့ဘယ်သူမှမပြကြတာလဲ"

"ကိုယ်က ဓာတ်ပုံရိုက်ရတာမကြိုက်ဘူး။ ဒါပေမယ့် ကိုယ်ကလေးတုန်းကတော့ တစ်ပုံ၊နှစ်ပုံလောက်ရိုက်ခဲ့တယ်။ ဘယ်သူမှ မင်းကိုမပြကြတာတော့မဟုတ်ဘူး၊ မင်းက ဒါတွေနဲ့ပတ်သတ်ပြီးလုံးဝဂရုမစိုက်ခဲ့တာကြောင့်ပဲ"

Intense Love ( ဘာသာပြန် )Where stories live. Discover now