Chapter-72

3.4K 372 1
                                    


စူးကျင်းပေသည် ကျိုးရှစ်ယွင်ရဲ့အသားများတိုက်ခိုက်မှုကြောင့် ပေါက်ကွဲလုမတတ်စားသောက်ခဲ့ရသည်။ နောက်ဆုံးတော့ သူမကအညံ့ခံအရှုံးပေးလိုက်တော့၏။

"ကျွန်မတကယ်ဗိုက်ပြည့်နေပြီ..."

ကျိုးရှစ်ယွင်သည် 'အင်း' ဟုမတုံ့ပြန်မီ သူမအမှန်အတိုင်းပြောနေကြောင်းသေချာအောင် သူမကိုတစ်ချက်ကြည့်လိုက်သည်။ ရွှယ်ယင်းကပြောလာ၏။

"ကျင်းပေ အခုတစ်လော နင်ဝိတ်တက်ဖို့ကြိုးစားနေတာလား"

စူးကျင်းပေက သူမခေါင်းကို ပြင်းပြင်းထန်ထန်ခါလိုက်၏။

"ကျိန်းသေပေါက်မဟုတ်ဘူးပေါ့"

"ဒါဆို နင်......."

စူးကျင်းပေသည် ကျိုးရှစ်ယွင်ကိုလက်ညှိုးထိုးပြ၍
"ဒီလူပြောတာ အစားအသောက်လျှော့တာက ငါ့ရဲ့ဇီဝဖြစ်ပျက်မှုကိုပဲလျှော့ချပေးမှာတဲ့၊ အဲ့ဒီဟာကခန္ဓာကိုယ်အတွက်မကောင်းဘူးတဲ့၊ ဒါပေမယ့်......."

သူမ ကျိုးရှစ်ယွင်ကိုကြည့်ပြီးစူပုပ်ပုပ်ပြော၏။

"အသီးအရွက်တွေစားရင်းနဲ့လည်း ငါဗိုက်ပြည့်ပါတယ်၊ သူတို့ကကျန်းမာရေးနဲ့အရမ်းညီညွတ်တယ်။ ကျိုးရှစ်ယွင် ရှင်ကျွန်မကိုအသားတွေအများကြီးကျွေးနေတာက ကျန်းမာရေးနဲ့မညီညွတ်ဘူးနော်"

ကျိုးရှစ်ယွင် အေးအေးဆေးဆေးပြန်ပြောသည်။

"မင်းကအရမ်းပိန်လွန်းတယ်"

"ပိန်ပေမယ့်လည်း အသားရှိသင့်တဲ့နေရာတွေမှာတော့အသားရှိပါတယ်။ မယုံရင်ရှင်ကိုယ်တိုင်ကြည့်ကြည့်လိုက်"

စူးကျင်းပေက သူမရင်ဘတ်ကိုရက်ရက်ရောရောရှေ့ထုတ်ပြလေ၏။ သူတို့ဘေးနားတွင် ရွှယ်ယင်းတစ်ယောက် အသက်ရှုကျပ်နေ၏။ ကျိုးရှစ်ယွင် သူမကိုဖျက်ခနဲကြည့်ကာ

"အသားပိုစားလေ ပိုကောင်းလေပဲ"

ကျိုးရှစ်ယွင်ဆိုလိုတာက ဝိတ်နည်းနည်းထပ်တက်စေရန်ဆိုပေမယ့် စူးကျင်းပေကတော့ ဤသို့သဘောပေါက်လေသည်။

"ကျွန်မရင်ဘတ်ကလုံလုံလောက်လောက်ကြီးမနေဘူးလို့ ရှင်ကပြောနေတာလား။ သူတို့ကပိုကြီးဖို့လိုအပ်နေတုန်းပဲလား"

Intense Love ( ဘာသာပြန် )Where stories live. Discover now