Chapter-100

3.9K 368 19
                                    



ရောက်လာပြီးနောက် စူးကျင်းပေသည် သူမ၏စိုရွှဲနေသည့်အဝတ်အစားတွေကိုလဲလိုက်သည်။ အဖွားဖြစ်သူသည် အဝတ်ဗီရိုထဲမှ လွန်ခဲ့တဲ့အချိန်အတော်ကြာကြာက ကလေးရဲ့အမေဖြစ်သူဝတ်ခဲ့သောအဝတ်အစားတွေကို ရှာဖွေပေးတဲ့အထိကြင်နာလွန်းပြီး ထိုအဝတ်တွေကိုသူမလဲဝတ်ရန်ဌားပေးခဲ့၏။ စူးကျင်းပေသည် ကျိုးရှစ်ယွင်ကိုအကြောင်းကြားချင်ခဲ့ပေမဲ့ ဖုန်းလိုင်းလည်းမမိသလို မိုးကလည်းပိုသည်းလာခဲ့သည်။

ဒီလိုရာသီဥတုမျိုးမှာ ကလေးတစ်ယောက်ကို အပြင်လွှတ်လိုက်တာက သူမအတွက်အဓိပ္ပာယ်မရှိပေ။ သူမလုပ်နိုင်သမျှအားလုံးသည်စောင့်ဆိုင်းပြီး မိုးစဲချိန်တွင် တစ်စုံတစ်ဦးအား ကျိုးရှစ်ယွင်ကိုအကြောင်းကြားပေးဖို့ တောင်းဆိုရန်သာရှိတော့သည်။

"ဖွားဖွား မမ သားပြန်လာပြီ"

ကလေးအသံသည် ခြံဝင်းထဲကနေထွက်ပေါ်လာသည်။ စူးကျင်းပေသည် ဤကလေးတံခါးဖွင့်ဝင်လာတာကြောင့်မော့ကြည့်လိုက်၏။ သူ့အနောက်တွင် ကျိုးရှစ်ယွင်၊ သူမအတွေ့ချင်ဆုံးသူတစ်ယောက်....။

"နောက်ဆုံးတော့ ရှင်ရောက်လာပြီပဲ"

စူးကျင်းပေ သက်ပြင်းတစ်ချက်ချလိုက်၏။

"ရှောင်ယွမ်ကိုရှာတွေ့ပြီလား"

သူမရင်ထဲကအသက်ရှုသံတွေထွက်လာ၏။ သူမ မတုံ့ပြန်နိုင်ခင်မှာပဲ သူမသည် ကျိုးရှစ်ယွင်ရင်ခွင်ထဲရောက်နှင့်ပြီးဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲကို သူမအားသိမ်းသွင်းထားချင်သလို ခွန်အားအပြည့်နဲ့ သူမကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထား၏။

စူးကျင်းပေအံ့အားသင့်မိသည်။ သူမသည် ကျိုးရှစ်ယွင်ပခုံးနောက်မှ လင်ချင်းဝေ့နှင့်တခြားသူများကိုလှမ်းကြည့်လိုက်သည်။ ခဏငြိမ်သက်ပြီးနောက် သူမသည်လက်လှမ်း၍ ကျိုးရှစ်ယွင်ကိုပွတ်သပ်လိုက်၏။

"ရှင့်အင်္ကျီတွေက ဘာလို့အကုန်လုံးစိုရွှဲနေတာလဲ"

ဆရာဝန်တစ်ယောက်ကဖြေ၏။

"ဒေါက်တာကျိုးက မင်းကို မိုးရေထဲမှာရှာနေတာအတော်ကြာနေပြီ"

Intense Love ( ဘာသာပြန် )Where stories live. Discover now