Chapter-85

3.3K 348 4
                                    



နောက်တစ်နေ့တွင် စူးကျင်းပေက သူမအချိန်ဇယားအတိုင်း TV ထုတ်လွှင့်ရေးသို့သွားချိန်တွင် ဆေးရုံ၌ မမျှော်လင့်ဘဲတစ်စုံတစ်ရာဖြစ်ပေါ်လာတာကြောင့် ကျိုးရှစ်ယွင်ပြန်သွားတော့သည်။ ဤကာလအတောတွင်း စူးကျင်းပေဟာ အရမ်းအလုပ်များနေပေလိမ့်မည်။ စီးပွါးရေးဆိုင်ရာဓာတ်ပုံရိုက်ကူးရေးနှစ်ခုရိုက်ကူးပြီးနောက်  သူမသည် တခြားဟာတွေရိုက်ကူးရန် တစ်နိုင်ငံလုံးအနှံ့ပတ်သွားရတော့သည်။ ထိုအသံသွင်းနေစဉ်အတွင်း သူမခင်ပွန်းလောင်းရဲ့အကြောင်းအရာကို အချိန်တိုင်းတွင် ဖော်ပြနေကြ၏။ အနုပညာနယ်ပယ်ကအချို့သူငယ်ချင်းတွေကတောင် သူမကိုဂုဏ်ပြုရန် စာပို့လာခဲ့ကြသည်။

ဤနေ့တွင် သူမသည် ကျောက်မြတ်ရတနာကုမ္ပဏီတစ်ခုရဲ့ စီးပွါးရေးတွေ့ဆုံပွဲကို တက်ရောက်ရန် ကွမ်ကျိုးသို့သွားခဲ့သည်။ သူမသည် မူလက လှည့်ပတ်ပြီး သူမမျက်နှာကို အမြန်ပြသရုံမျှသာ စီစဉ်ထားခဲ့သော်လည်း သူမထွက်ခွာခါနီးတွင် မထင်မှတ်ဘဲ ရှလုနဲ့တွေ့ခဲ့လေသည်။ စားသောက်ဆိုင်မှာလမ်းခွဲပြီးနောက် နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မလုပ်ခဲ့ကြပေ။

သူတို့မဆက်သွယ်ခဲ့ကြသော်လည်း စူးကျင်းပေက သူမကိစ္စတွေကိုသိ၏။ လွန်ခဲ့တဲ့အချိန်က သူမသည် သူမရဲ့အေဂျင်စီကိုပြောင်းခဲ့ပြီး နောက်ဆုံးတွင် ဇာတ်ညွှန်းကောင်းများစွာကိုလက်ခံရရှိခဲ့လေသည်။

ရှလုသည်လည်း သူမကိုမြင်၏။ နှစ်ယောက်က သားသားနားနားဝတ်ဆင်ထားကြသောလူအုပ်ကြီးကိုဖြတ်၍ တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။ ခဏကြာပြီးနောက် ရှလုကသူမကိုခေါင်းငြိမ့်ပြကာ နှုတ်ခမ်းဟ၍ စကားအနည်းငယ်ပြောလိုက်၏။ စူးကျင်းပေက အရမ်းအလှမ်းဝေးနေတာကြောင့် သူမဘာပြောတာလဲဆိုတာကိုမကြားရပေ။ သို့သော် သူမနှုတ်ခမ်းကိုမှန်းဆကြည့်ပြီးမှပဲ သူမပြောခဲ့သည်မှာ 'ငါတောင်းပန်ပါတယ်' ဟုပင်။ စူးကျင်းပေပြုံး၍ ခေါင်းယမ်းပြလိုက်တော့သည်။

"ဟေ့ ရှင်ဘာလုပ်နေတာလဲ လေကိုရယ်ပြနေတာလား"

ရုတ်တရက် တစ်ယောက်ယောက်ရောက်လာပြီး သူမပခုံးကိုပုတ်လိုက်လေသည်။ စူးကျင်းပေ လန့်ဖျပ်ကာ သူမဘေးနားရပ်နေသည့်ရှောက်စုယင်းကိုကြည့်ရန် လှည့်လိုက်၏။

Intense Love ( ဘာသာပြန် )Where stories live. Discover now