Chapter-74

3.4K 385 0
                                    


စူးကျင်းပေဟာ သူမရှိုးအတွက်အသံသွင်းရန်သွားပြီး ဝူထုန်ကိုပါခေါ်လာခဲ့သည်။ ကျိုးရှစ်ယွင်ကဆေးရုံတွင်ရှိနေမှာဖြစ်ပြီး အိမ်မှာဘယ်သူမှရှိမှာမဟုတ်တာကြောင့် အိမ်တွင်ဝူထုန်တစ်ကောင်တည်းဖြစ်နေမည်ကို သူမစိုးရိမ်၏။

ဒီနေ့ရှိုးအတွက်ဖိတ်ခေါ်ထားသည့်ဧည့်သည်တွေမှာ ဟန်ဝမ်ပင်းနဲ့အခြားသရုပ်ဆောင်မင်းသားကျန်းကျောက်ဖြစ်သည်။ မကြာသေးခင်က ဒီနှစ်ယောက်က ထုတ်လုပ်ရေးအသစ်ထုတ်ဝေခဲ့သည်။ ဒါကြောင့် ကြော်ငြာရန်အတူတူရောက်လာခဲ့ကြ၏။ လက်ရှိတွင် စူးကျင်းပေက အဝတ်လဲခန်းထဲလာပြီး အမျိုးသားနတ်ဘုရားအဆင့်ပုဂ္ဂိုလ်နှစ်ဦးနှင့်တွေ့ဆုံ၏။

"ကျင်းပေ မတွေ့ရတာကြာပြီ"

ကျန်းကျောက်နဲ့သူမက အတူတူအလုပ်လုပ်ဖူးပေမယ့် တစ်ကြိမ်တည်းသာဖြစ်သည်။ နောက်ပိုင်း ဆုပေးပွဲအခမ်းအနားတွေကလွဲလို့ သူတို့တစ်ယောက်နဲ့တစ်ယောက် မဆုံခဲ့ကြပေ။

"ကျန်းကော ကျွန်မတို့အစီအစဉ်မှာ ရှင့်ကိုဖိတ်နိုင်ဖို့ဆိုတာ ကြုံတောင့်ကြုံခဲဲပဲ၊ နောက်ပိုင်း မေးခွန်းတွေကိုရှင်ဖြေပေးရမှာနော်။ ဟုတ်ပြီလား"

ကျန်းကျောက်ကပြုံး၍
"ဒါကဘာဖြစ်မှာမလို့လဲ၊ မေးတဲ့သူကမင်းသာဆိုရင် ငါမဖြေရဲဘဲနေမှာလား"

စူးကျင်းပေသည် ဟာသနှောလိုက်၏။

"အို့ ဒါဆို အခုတစ်လော ရှင့်ရဲ့အတင်းအဖျင်းတွေကိုရော ကျွန်မမေးလို့ရလား"

ကျန်းကျောက်သက်ပြင်းချကာ
"ဟေ့ ငါသာအလှလေးကိုပျော်အောင်လုပ်ပေးနိုင်ရင် စိတ်မချမ်းသာဖွယ်ရာသတင်းတွေကိုဦးဆုံးအသိပေးပါ့မယ်"

စူးကျင်းပေသည် သူ့ကိုလက်မထောင်ပြပြီးနောက် ဟန်ဝမ်ပင်းကိုခေါင်းငြိမ့်နှုတ်ဆက်လိုက်သည်။

"ဟန်လောင်ရှစ်"

ဤနှစ်ယောက်သည် 'Crisis City' ပြီးဆုံးသွားပြီးနောက် သူတို့ကြားတွင် ရင်းနှီးကျွမ်းဝင်မှုသဘောထားရှိလာသည်။ ဟန်ဝမ်ပင်းက နှုတ်ဆက်စကားပြောရန် မတ်တပ်ရပ်ကာ သူမလက်ထဲကကြောင်လေးကိုကြည့်လိုက်၏။ ဤကြောင်လေးဟာ ရိုက်ကူးရေးပြီးဆုံးခြင်းအခမ်းအနားနေ့က ထိုယောက်ျားရဲ့လက်မောင်းထဲက ကြောင်လေးဖြစ်ပုံရသည်။

Intense Love ( ဘာသာပြန် )Where stories live. Discover now