Chapter-28

3.4K 397 1
                                    


သူမအမေပြောသည့် ကျိုးမိသားစုကြီးကို သူ့လက်ထဲတွင်ချုပ်ကိုင်ထားသည့် ဆုံးဖြတ်ချက်ပြတ်သားပြီး သွက်လက်တက်ကြွတဲ့ခေါင်းဆောင် ကျိုးကျန်းရှန့်ဟာ အလွန်သိမ်မွေ့နူးညံ့ပြီး ကျန်းမာရေးညံ့နေပုံရနေလိမ့်မယ်လို့တော့ စူးကျင်းပေမမျှော်လင့်ထားခဲ့ပေ။

"ကျိုးရှစ်ယွင်"

"အင်း"

"ရှင့်အစ်ကိုရဲ့ခြေထောက်တွေ အဆင်ပြေရဲ့လား"

ကျိုးရှစ်ယွင်၏လေသံကို ယခုလေးတင် နားထောင်ပြီးနောက် ကျိုးကျန်းရှန့်၏ခြေထောက်များသည် မူလက ပုံမှန်အတိုင်းပဲဖြစ်ခဲ့တာဟု သူမ မှန်းဆခဲ့သည်။

"သူ့ကျန်းမာရေးက ပုံမှန်အားဖြင့် တော်တော်ညံ့တယ် ဒါပေမယ့် သူဝှီးချဲပေါ်မှာတော့ ထိုင်ခဲပါတယ်"

ထိုသို့ပြောပြီး အရှေ့မှလျှောက်နေတဲ့သူကို လှမ်းကြည့်ပြီး

"ငါ့အစ်ကိုက မကြာသေးခင်က ဒီလိုဖြစ်ဖူးသေးလား"

"ဒီရက်ပိုင်း အားနည်းသလိုခံစားနေရတယ်လို့တော့ သခင်လေးက ပြောပါတယ်။ ဒါကြောင့် ဝှီးချဲကို သုံးနေတာပါ"

"ဆရာဝန်က ဘာပြောခဲ့သေးလဲ"

"ဒါက.....ကျွန်တော်လည်း ကောင်းကောင်းမသိဘူး"

ကျိုးရှစ်ယွင်သည် စကားမပြောတော့ပေ။ စူးကျင်းပေသည်လည်း ထပ်မမေးတော့။ ဘာကြောင့်လဲဆိုတာ သူမ မသိ။

အိမ်ထဲသို့ဝင်လာပြီးနောက် သူမပိုတိတ်ဆိတ်သွားသည်။ ဒီနေရာမှာ အသက်ရှူကျပ်စေတဲ့လေထု ရှိနိုင်လား။ စူးကျင်းပေသည် မကြည်မလင်ဖြစ်နေသော ကျိုးရှစ်ယွင်ကိုကြည့်ပြီး ထိုသို့သော ရှေးရိုးဆန်မိသားစုမှ ဆင်းသက်လာသူတစ်ဦးအတွက်က အနောက်တိုင်းဆေးပညာကို နှစ်သက်တဲ့ဆရာဝန်တစ်ယောက် ဖြစ်လာနိုင်ပေသည်။ ဒါကို အောင်အောင်မြင်မြင် လွတ်မြောက်လာတယ်လို့ စဉ်းစားသင့်လား။

"Fish Viewing Platform "သို့ ကျိုးရှစ်ယွင်နှင့်စူးကျင်းပေသာဝင်ရောက်ခဲ့ပြီး ဝန်ထမ်းသည် အပြင်တွင်ကျန်နေခဲ့သည်။

"Fish Viewing Platform" သည်ရေကန်အလည်တွင်တည်ဆောက်ထားပြီး ခေတ်မီသပ်ရပ်စွာတည်ဆောက်ထားသောပုံသဏ္ဍန်ဖြစ်သည်။ ကွေ့ပတ်ထားသည့်ပေါင်းကူးတံထားအား ရေကန်မှအိမ်ဘက်သို့ တဆက်တည်းလုပ်ထား၏။ တံခါးသို့နီးလာတာနှင့် စူးကျင်းပေဟာ ကျိုးရှစ်ယွင်၏လက်ကိုဆွဲလိုက်သည်။ ကျိုးရှစ်ယွင်သည် ရပ်ပြီးသူမကိုပြန်ကြည့်၏။

Intense Love ( ဘာသာပြန် )Where stories live. Discover now