Chapter-121

3.7K 356 10
                                    



လမ်းတစ်ဝက်တွင် ရုတ်တရက် ကျန်းရန်သည်တစ်စုံတစ်ယောက်ရဲ့ပိတ်ရပ်ခြင်းခံလိုက်ရသည်။ သူခေါင်းမော့၍စိတ်တိုတိုဖြင့်ပြော၏။

"ထွက်သွား"

"ထွက်သွားသင့်တဲ့သူကမင်းပဲ"

သူ့ရှေ့ကယောက်ျားက ညင်ညင်သာသာပြောနေပေမဲ့လည်း သူ့မျက်လုံးတွေဟာအေးစက်နေ၏။

"သူမကိုငါ့ဆီပေးလိုက်"

"ဘာ......."

ရုတ်တရက် ကျန်းရန်အသံရပ်သွား၏။ အာ...ဒီယောကျ်ားကိုနည်းနည်းရင်းနှီးနေသလိုပဲ။

"ကျိုးပေါင်ပေ့"

ထိုအချိန်၌ သူ့လက်ထဲကစူးကျင်းပေက ရုတ်တရက်ထရပ်ရန်ရုန်းကန်တော့သည်။ ထို့နောက် သူမကိုယ်သူမ သူ့ရှေ့ကယောက်ျားထံသို့ပစ်ဝင်လိုက်လေသည်။

"ရှင်မလာဘူးလို့ပြောခဲ့တယ်မလား ဘာလို့ဒီမှာရှိနေတာလဲ"

ကျိုးရှစ်ယွင် သူမလက်ကိုအဝေးသို့ဆွဲခေါ်သွားပြီး မျက်မှောင်ကြုတ်ကာသူမကိုအပြစ်တင်ဆုံးမတော့၏။

"ဒီကောင်မလေးကတော့ မနာဘူးလား"

စူးကျင်းပေပြုံးဖြဲဖြဲလုပ်၍အော်ပြော၏။

"နာတယ် ဒေါက်တာကျိုး ကျေးဇူးပြုပြီးကျွန်မကိုကူကြည့်ပေးပါဦးနော်"

ကျိုးရှစ်ယွင် သူမကိုတစ်ချက်ကြည့်ပြီးနောက် ကျန်းရန်ကိုခေါင်းငဲ့ကြည့်ကာ
"ငါ့ကိုဆေးသေတ္တာယူပေး"

"အာ မင်းကသူ့ရဲ့......ခင်ပွန်းလောင်းလား"

"ဆေးသေတ္တာ"

"အို့ အိုကေ"

ကျိုးရှစ်ယွင်ကစူးကျင်းပေကိုအနားသို့ဆွဲခေါ်ပြီးထိုင်ချလိုက်၏။

"မင်းလက်ဆန့်လိုက်"

စူးကျင်းပေလက်မောင်းကဆိုးဆိုးရွားရွားပွတ်တိုက်မိခဲ့ပြီး သွေးတွေကလည်းယိုစီးကျနေတာကြောင့် ကြောက်စရာကောင်းသည့်ပုံပေါ်နေ၏။ ကျိုးရှစ်ယွင်မျက်နှာအမူအရာကလည်းတော်တော်ပုပ်သိုးနေလေသည်။

"ဒီလိုအခန်းတွေကိုမင်းကိုယ်တိုင်ရိုက်ရမှာလား"

စူးကျင်းပေခေါင်းညိတ်၍
"အင်း ဘာဖြစ်လို့လဲ"

Intense Love ( ဘာသာပြန် )Where stories live. Discover now