Chapter-106

3.9K 367 4
                                    



နေ့လယ်စာစားချိန်၌ စူးကျင်းပေနှင့်ကျိုးရှစ်ယွင်တို့သည် ကျန်းချောင်အိမ်တွင်စားသောက်ခဲ့ကြသည်။

"ရှောင်ယွမ် ဒေါက်တာကျန်း ကျွန်မပြန်လာပြီ"

ရုတ်တရက် တံခါးအပြင်ဘက်မှပြတ်သားထင်ရှားသောမိန်းကလေးတစ်ယောက်အသံထွက်ပေါ်လာ၏။ ရှောင်ယွမ်သည် စိတ်လှုပ်ရှားနေပုံဖြင့် ထိုင်ခုံပေါ်ကအလျင်အမြန်ထခုန်လိုက်၏။

"မမပြန်လာပြီ မမပြန်လာပြီ!"

ကျန်းချောင်လည်းအံ့အားသင့်နေ၏။

"ဇီဇီ? ဒီအချိန်ကြီး ဘာလို့ပြန်လာတာလဲ"

စူးကျင်းပေက လျှိုထင်းထင်းကိုကြည့်၍
"ဇီဇီကဘယ်သူလဲ"

"သူကရှောင်ယွမ်ရဲ့အစ်မ၊ ကျွန်မတို့ရွာကရှားရှားပါးပါးကောလိပ်ကျောင်းသူလေး"

"ရှောင်ယွမ်မှာလည်းအစ်မတစ်ယောက်ရှိတယ်ပေါ့"

"အင်း သူတို့နှစ်ယောက်ရဲ့မိဘတွေက သူတို့ငယ်ငယ်ကတည်းကကွယ်လွန်သွားကြတာ၊ နောက်ပိုင်း သူတို့ကိုဂရုစိုက်ပေးခဲ့တဲ့သူတို့အဖွားကလည်းကွယ်လွန်သွားခဲ့တယ်။ ရှောင်ယွမ်ကိုတော့ ဒေါက်တာကျန်းကမွေးစားလိုက်ပြီး ဇီဇီကိုတော့ အပြင်မှာကောလိပ်တက်ဖို့ငွေကြေးထောက်ပံ့ပေးခဲ့တယ်။ သူက ဆောင်းရာသီနဲ့နွေရာသီအားလပ်ရက်အတောအတွင်းပဲပြန်လာတာ"

စူးကျင်းပေခေါင်းညိတ်၍ အပြင်ကိုခေါင်းလှည့်ကြည့်လိုက်သည်။ ထိုအချိန်၌ ဇီဇီလို့ခေါ်တဲ့မိန်းကလေးကို ကျန်းချောင်နဲ့သူ့သားကကြိုဆိုနေကြ၏။

"အစ်ကိုရှစ်ယွင် အစ်ကိုလည်းဒီမှာရှိနေတာပဲ၊ အစက အစ်ကို့ကိုတွေ့ဖို့အတွက် နောက်မှ အစ်ကို့ရဲ့ဆေးအဖွဲ့ကိုသွားချင်ခဲ့တာ"

ယန်ဇီဇီ တံခါးမှဝင်လာသည်နှင့်တစ်ပြိုင်နက် သူမအကြည့်အားလုံးဟာ ကျိုးရှစ်ယွင်ကိုယ်ပေါ်၌သာကျရောက်နေသည်။ ကျိုးရှစ်ယွင်က သူမကိုမြင်တော့ အသာခေါင်းညိတ်ပြပြီး မည်သည့်စကားမျှမဆိုချေ။

"ဇီဇီ ဘာလို့ဒီနေ့ပြန်လာတာလဲ၊ ဒီနေ့ကအားလပ်ရက်လား"

"အင်း ကျွန်မပြန်မလာခင် ခဏလောက်စောင့်သင့်ခဲ့ပေမဲ့ အစ်ကိုရှစ်ယွင်နဲ့အဖွဲ့အားလုံးက ဒီမှာရှိနေတယ်ဆိုတာကြားလို့ ကျွန်မအရင်ပြန်လာခဲ့လိုက်တာ"

Intense Love ( ဘာသာပြန် )Where stories live. Discover now