Extra-5

3.2K 363 5
                                    



အမြွှာလေးတွေအသက်ဆယ်နှစ်အရွယ်မှာတော့ သူတို့လေးတွေဟာအနာဂတ်မှာထူးချွန်ထက်မြက်တဲ့သူတွေဖြစ်လိမ့်မယ်ဆိုတာရှင်းရှင်းလင်းလင်းမြင်နေရပြီဖြစ်သည်။

ဒီနေ့ကစူးမိသားစုအကြီးအကဲရဲ့နှစ်ပတ်လည်နေ့ဖြစ်၏။

ကျိုးမိသားစုဝင်လေးယောက်ကတော့မထွက်ခွါခင်ပြင်ဆင်မှုတွေလုပ်နေကြ၏။ အာ တိတိကျကျပြောရရင် စူးကျင်းပေနဲ့ကျိုးလျန်ရှတို့နှစ်ယောက်သာလျှင်ပြင်ဆင်ရင်းအလုပ်ရှုပ်နေကြတာ။

ဆိုဖာပေါ်တွင် ကျိုးရှစ်ယွင်နဲ့ကျိုးလျန်ရိကတစ်ဆက်တည်းထိုင်နေ၏။ ကျိုးရှစ်ယွင်ကသူ့လက်ထဲကစာအုပ်ကိုဖတ်နေပြီး ကျိုးလျန်ရိကသူမ iPad နဲ့ဂိမ်းဆော့နေသည်။ စူးကျင်းပေနဲ့ကျိုးလျန်ရှကတော့ သူတို့အင်္ကျီတွေကိုအဝတ်အစားခန်းထဲမှာမမောနိုင်မပန်းနိုင်ရွေးနေတော့သည်။

"မေမေ ဒီအဖြူလေးရောဘယ်လိုလဲ အဆင်ပြေလား"

"ဒီဘဲလေးစကတ်စတိုင်ကခေတ်နောက်ကျနေပြီ သမီးညီမလေးနဲ့စကတ်ဆင်တူလေးဝတ်ရမယ်လို့မေမေပြောထားတယ်မလား"

ကျိုးလျန်ရှကနှာမှုတ်၍
"မေမေ သမီးအကြိုက်ဝတ်လို့မရဘူးလား အမြွှာတွေကဆင်တူဝတ်စရာမလိုပါဘူး"

"ဟုတ်ပါပြီ ဒါဆိုသမီးကိုယ်တိုင်ရွေးတော့ တံဆိပ်မဖြုတ်ရသေးတဲ့ဟာတွေကအရင်ကဝယ်ထားတာတွေ"

"ဟုတ်"

ကျိုးလျန်ရှခေတ်နောက်ကျနေတဲ့စကတ်ကိုအောက်ချလိုက်ကာ တခြားပုံစံလေးတွေကိုသွားရှာတော့သည်။

ခဏကြာပြီးနောက်

"လျန်ရှ ဘယ်ဒေါက်မြင့်ဖိနပ်ကကြည့်ကောင်းလဲ၊ ဒီဟာလား ဒါလား"

စူးကျင်းပေသည် ခြေထောက်တစ်ဖက်စီတွင်တစ်ရံစီစီး၍မေး၏။

"ဘယ်ဘက်ကဟာ"

"ဟုတ်ပြီ ဒါဆိုဘယ်ဘက်ကဖိနပ်ကိုစီးလိုက်မယ်"

သားအမိနှစ်ယောက်ကအထဲမှာအင်္ကျီတွေဝတ်ရင်းအလုပ်ရှုပ်နေကြ၏။ အပြင်ဘက်မှာတော့.......ကျိုးလျန်ရိကနောက်ထပ်တစ်ဆင့်ကိုအောင်နိုင်သွားပြီး ခေါင်းမော့ကာအဝတ်အစားခန်းကိုလှမ်းကြည့်လိုက်သည်။

Intense Love ( ဘာသာပြန် )Where stories live. Discover now