Chapter-76

3.4K 379 3
                                    


နောက်တစ်နေ့တွင် စူးကျင်းပေသည် ဝူထုန်နှင့်အတူတူ မနက်စောစောထွက်လာခဲ့သည်။ ကျိုးရှစ်ယွင်သည် သူမနှင့်အတူ တံခါးကနေထွက်လာခဲ့၏။ မတူညီတဲ့လမ်းကြောင်းတွေကို သူတို့ဦးတည်နေကြရုံပင်။ ယနေ့ သူမနှင့်အတူမလိုက်နိုင်တဲ့အကြောင်းအရင်းက အမှန်တကယ်ကို သူအရမ်းအလုပ်များနေတာကြောင့်ဖြစ်သည်။ ဒီနေ့သူလုပ်ရမည့်ခွဲစိတ်မှုများသည် အကုန်အရေးကြီးတဲ့ခွဲစိတ်မှုတွေဖြစ်သည်။

ကျိုးရှစ်ယွင်သည် ခွဲစိတ်မှုတွေအကုန်ပြီးစီးပြီးနောက် သူ့ရုံးခန်းသို့ပြန်လာခဲ့၏။ လင်ချင်းဝေ့က သူ့ကိုကော်ဖီတစ်ခွက်ဖျော်ပေးထားသည်။

"စီနီယာ ကော်ဖီသောက်ပါဦး"

ကျိုးရှစ်ယွင်က သူ့ကုတ်အင်္ကျီလဲဝတ်နေရင်း 'အင်း' ဟုသာပြန်ပြောလိုက်သည်။

"စီနီယာ အိမ်ပြန်မလို့လား"

"ဟုတ်တယ်"

လင်ချင်းဝေ့ ယဲ့ယဲ့လေးပြုံးလိုက်၏။

"စီနီယာ ကျွန်တော့်ကိုအမှန်အတိုင်းပြော အစ်ကို စူးကျင်းပေနဲ့အတူတူနေနေပြီမလား"

ကျိုးရှစ်ယွင် တုံ့ဆိုင်းသွားပြီး သူ့ကိုခေါင်းလှည့်ကြည့်လိုက်သည်။

"မင်းကိုဘယ်သူပြောတာလဲ"

လင်ချင်းဝေ့က ဝင့်ဝင့်ကြွားကြွားပြောလာသည်။

"မတိုင်ခင်က သူမ Weibo မှာတင်ခဲ့တဲ့ပို့စ်ကနေ ကျွန်တော်သိခဲ့တာ၊ အဲ့ဒီဓာတ်ပုံက အစ်ကို့အိမ်မှာရိုက်ထားခဲ့တဲ့ပုံပဲ။ ကျွန်တော် အဲ့ဒီကိုတစ်ခါရောက်ဖူးတယ်လေ မှတ်မိလား။ အိမ်အခန်းကို ကျွန်တော်မြင်ဖူးတယ်လို့ထင်တယ်"

ကျိုးရှစ်ယွင်မငြင်းပယ်နိုင်ပေ။ လင်ချင်းဝေ့သည် သူ့ရဲ့သံသယတွေအတည်ပြုလိုက်ချိန်တွင် ပိုပြီးတော့တောင်စိတ်လှုပ်ရှားလာခဲ့သည်။

"အစ်ကိုတို့နှစ်ယောက်ဒိတ်လုပ်တဲ့နည်းက တကယ်လျှို့ဝှက်တာပဲ...ဟမ် နေဦး၊ စီနီယာ အရင်ကအစ်ကိုပြောခဲ့တာ သူမနဲ့အစ်ကို့ရဲ့ဆက်ဆံရေးက လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်လောက်ထဲကစတင်ခဲ့တာဆို။ ဒါဘာဆက်ဆံရေးမျိုးလဲ။ ငယ်ဘဝအချစ်ဦး? ဒါပေမယ့် အစတုန်းက အစ်ကိုတို့နှစ်ယောက်က ဘာလို့တစ်ယောက်နဲ့တစ်ယောက်မသိတဲ့ပုံပေါ်နေရတာလဲ"

Intense Love ( ဘာသာပြန် )Where stories live. Discover now