Chapter-42

3.3K 359 1
                                    


ယနေ့ သူတို့ရိုက်မည့်အခန်းသည် သူမဘယ်လိုလေ့ကျင့်ခဲ့ရဆိုသည့် ပဏာမအခန်းဖြစ်သည်။ စူးကျင်းပေသည် ဟယ့်တီကို တခြားအရာတွေစီစဉ်ပေးရန်မေးမြန်းခဲ့ပြီး မိတ်ကပ်ခန်းထဲသို့ သူမဘာသာသွားခဲ့သည်။ ဝန်ထမ်းဟာ သူမကိုမိတ်ကပ်လိမ်းပေးလေ၏။

ယနေ့တွင် စောနေသေးပြီး သရုပ်ဆောင်အများစုသည်လည်း မိတ်ကပ်လိမ်းရန်ရောက်လာကြသည်။

"ဟယ်လို စူးကျဲကျဲ ကျွန်မနာမည်က ချန်ရှင်းအိုက်ပါ"

သူမအခန်းထဲဝင်ဝင်ချင်း မိန်းမငယ်လေးတစ်ယောက်၏ဟန့်တားခြင်းကို စူးကျင်းပေခံလိုက်ရသည်။ ထိုကောင်မလေးဟာ ချစ်စရာကောင်းပြီး 163cm ရှိတာ jacket နှင့်ဖိနပ်အဖြူရောင်စီးထားသည်။ သူမတစ်ကိုယ်လုံးခံစားချက်တွေသည် အရမ်းလန်းဆန်းတက်ကြွနေလေသည်။ စူးကျင်းပေသည် သူမထက်အရပ်ရှည်ပြီး ဒေါက်မြင့်ဖိနပ်စီးထားတာကြောင့် နှစ်ယောက်ကြားတွင် ချစ်စရာကောင်းသည့်အရပ်ကွာဟချက်ရှိနေသည်။

"ချန်ရှင်းအိုက်...."

သူမဘယ်သူလဲဆိုတာ စူးကျင်းပေမမှတ်မိပေမယ့် သူမလက်ဆန့်ထုတ်ကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

"ဟယ်လို ငါက စူးကျင်းပေပါ"

ချန်ရှင်းအိုက်၏ဖြူဖွေးနေသည့်မျက်နှာသည် ရှက်သွေးဖြာသွားပြီး စိတ်လှုပ်ရှားမှုအချို့နှင့်ပြောလာ၏။

"စူးကျဲကျဲ ကျွန်မက အစ်မ show ကိုစောင့်ကြည့်နေသူပါ ပြီးတော့ ကျွန်မ အစ်မကိုအရမ်းကြိုက်တယ်။ ကျွန်မ ပထမဆုံးရိုက်ကူးရေးကို အစ်မနဲ့ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး"

ဒါဆို သူမကအသစ်လေးပေါ့။ သူမလေးကို သူမမှတ်မိတာ အံ့ဩစရာမရှိ။ စူးကျင်းပေ သူမကိုကျေးဇူးတင်လိုက်ပြီး ယဉ်ယဉ်ကျေးကျေးပဲမေးလိုက်၏။

"မင်းက ဘယ်သူအဖြစ်သရုပ်ဆောင်မှာလဲ"

"ကျုံးကျန်းဖေဟန်"

"အာ အဲ့ဒီမင်းသမီးလေး"

"ဟုတ်တယ် ဟုတ်တယ် စူးကျဲကျဲ ကျွန်မနဲ့အစ်မနဲ့က အတူတူရိုက်ရမယ့်အခန်းတွေ အများကြီးရှိလိမ့်မယ်"

Intense Love ( ဘာသာပြန် )Where stories live. Discover now