Chapter-90

3.5K 372 2
                                    



စူးကျင်းပေသည် အခန်းထဲတွင် ခဏလောက်ငုတ်ထုတ်ထိုင်နေခဲ့၏။ သူမအနားယူပြီးနောက် အေးအေးလူလူလမ်းလျှောက်ရန် ခြံဝင်းထဲသို့ထွက်လာခဲ့တော့သည်။ သူမ၏အေးအေးလူလူလမ်းလျှောက်နေဟန်ဟာ လူတိုင်းကို သူမထံသို့ ဆွဲငင်နိုင်စွမ်းရှိပြီး ချောင်းကြည့်စေနိုင်ခဲ့လေသည်။

ကျိုးရှစ်ယွင်သည် ရွာသူရွာသားများနှင့်ဆွေးနွေးတိုင်ပင်နေ၏။ သူ့ထောင့်စွန်းနားမှ အနီရောင်ဝတ်စုံဖြင့် ခြံဝင်းအတွင်းလမ်းလျှောက်နေသည့်ပုံရိပ်လေးကို တွေ့လိုက်ရသည်။ သူမကို သူမော့ကြည့်လိုက်ချိန်၌ သူ့မျက်ဝန်းတွေထဲတွင် ဝင်းလက်တောက်ပနေသည့်အပြုံးအရိပ်အယောင်တွေရှိနေ၏။

"ဒေါက်တာကျိုး ဟိုနားလေးကမိန်းကလေးက တကယ်ပဲမင်းရဲ့ချစ်သူလား"

အသက်လတ်ပိုင်းအရွယ်ရှိအမျိုးသမီးတစ်ယောက်က မေးလာ၏။ ကျိုးရှစ်ယွင် ခဏတန့်သွားပြီးခေါင်းညိတ်ပြလိုက်သည်။

"မိန်းကလေးကအရမ်းလှတာပဲ"

ထိုအမျိုးသမီးကပြုံးပြုံးလေးပြော၏။

"သူမ လုံလုံခြုံခြုံမဝတ်ထားရုံပဲ"

ကျိုးရှစ်ယွင် "........."

"အန်တီ မသိလို့နော် ဒါပေမယ့် ကျွန်မတို့ဒေါက်တာကျိုးရဲ့ချစ်သူက နာမည်ကြီးကြယ်ပွင့်တစ်ယောက်၊ သူမက အခုအချိန်မှာ တော်တော်နာမည်ကျော်ကြားနေတာ"

လက်ထောက်သူနာပြုလေးက ဟာသနှောလိုက်လေသည်။

"နာမည်ကြီးကြယ်ပွင့်"

"ဟုတ်တယ် ဟုတ်တယ် TV မှာမြင်ရတဲ့သူတွေလိုမျိုးလေ"

ထိုအမျိုးသမီးသည် ရုတ်တရက် တစ်စုံတစ်ရာကိုနားလည်သဘောပေါက်သွားဟန်ရ၏။

"သူမအရမ်းလှနေတာမအံ့ဩတော့ပါဘူး။ မင်းကအရမ်းကံကောင်းတာပဲ ဒေါက်တာကျိုး"

ကျိုးရှစ်ယွင် ညင်ညင်သာသာပြုံးပြ၍ "ကျေးဇူးပါပဲ"

ထိုအချိန်အတောအတွင်း စူးကျင်း​ပေတစ်ယောက် ပျင်းရိနေတာကြောင့် သူမနှင့်ကစားရန် ကလေးအချို့ကို စတင်အပူကပ်တော့သည်။

Intense Love ( ဘာသာပြန် )Where stories live. Discover now