ထူးထူးဆန်းဆန်း ကျတော်နဲ့တွေ့ဖို့ချိန်းဆိုလာတာကြောင့် အရင်တခါကဆုံခဲ့တဲ့ coffeeဆိုင်ကိုပဲအမြန်သွားရတော့တယ်...သေချာတာပေါ့ ဒီကောင်လေး Bossနဲ့ပတ်သတ်ပီး မေးတော့မယ်ဆိုတာကိုလေ...အခုဆို Bossထွက်သွားတာနှရက်ရှိပီ စာမလာသတင်းမကြားနဲ့ ကျတော့်ကိုလဲမဆက်သွယ်ခဲ့တာကြောင့် သူ့အကြောင်းဘာသတင်းအစအနလေးမှ မရတာတော့အမှန်....မသွားခင်မှာ လွန်းကိုသေချာစောင့်ရှောက်ပေးပါလို့ အထပ်ထပ်မှာခဲ့တာကြောင့် Bossမရှိတဲ့အတောအတွင်း ဒီကောင်လေးကိုစောင့်ရှောက်ပေးဖို့က ကျတော့်တာ၀န်သာ...
ဆိုင်ထဲမှာ ထိုင်စောင့်နေတဲ့ သေးသေးသွယ်သွယ်ကောင်လေးက ငိုထားတယ်ထင်ပါရဲ့ မျက်လုံးလေးတွေကလဲ ရဲလို့....ဒီကောင်လေး ဘယ်လောက်ခံစားနေရမလဲ ကျတော်သိတာပေါ့ Bossထွက်သွားတာတောင် သူသိခဲ့ရတာမဟုတ်ဘူးလေ...ကျတော့်ကို တွေ့တော့ အားတင်းပီးပြုံးပြရှာတယ် Bossနဲ့ပတ်သတ်ပီး ကျတော်လဲဘာမှမသိရတာကို ဘယ်လိုများပြောပြရပါ့မလဲ
" စောင့်နေတာ ကြာပီလား လွန်း...လမ်းမှာ ကားတွေပိတ်နေလို့ ကျတော်နဲနဲနောက်ကျသွားတယ်ဗျ "
" ကျတော့်ကို တရိုတသေပြောစရာမလိုပါဘူး အကိုအဆင်ပြေသလို ပေါ့ပေါ့ပါးပါးပဲပြောပါ "
" အဲ့တာဆို တရင်းတနှီးပဲပြောတော့မယ်နော် "
" ဟုတ် "
" ညဘက်တွေကော အိပ်ပျော်ရဲ့လား လွန်းကို ကြည့်ရတာ အားမရှိသလိုပဲ "
" အမှန်အတိုင်းပြောရရင် ကျတော်အခုတလောအိပ်မပျော်ဘူး "
" ဒီလိုပုံစံကို Bossသာမြင်ရင်တော့ စိတ်ကောင်းမှာမဟုတ်ဘူး "
" သူ့အကြောင်းဘာကြားသေးလဲဟင်...အကို့ကိုကော ဆက်သွယ်လား သူအဆင်ကောပြေရဲ့လားဟင် "
တုန်ယင်နေတဲ့အသံလေးနဲ့ ကျတော့်ကိုအားကိုးပီးမေးနေတာကြောင့် သက်ပြင်းသာချမိပြန်တယ်...ဒီကောင်လေး နှရက်ထဲနဲ့ဒီလိုပုံစံနဲ့ ဖြစ်နေတာ အချိန်တွေကြာလာရင် ဘယ်လိုများအဆင်ပြေပါ့မလဲ
" သူအဆင်ပြေမှာပါ....သူပြောသလိုပဲ လွန်းက စိတ်ရှည်ရှည်နဲ့စောင့်နေပေးလိုက်ပါ "