Ep-43(Uni/Zg)

60.9K 4.6K 444
                                    

ဒီနေ့တော့ ကျတော့်တာ၀န်သိပ်မရှိတာကြောင့် အေးအေးဆေးဆေးပဲ အိမ်ကနေအလုပ်ကို လမ်းလျှောက်လာခဲ့တယ်....ကျတော်ငှားနေတဲ့ အိမ်လေးနဲ့ အလုပ်နဲ့ကသိပ်မ၀ေးဘူးလေ ပီးတော့ ငှားနေတဲ့အိမ်ကလဲစျေးတော်တော်သက်သာတာကြောင့် လစာထဲကပိိုက်ဆံလေးလဲပိုစုမိတယ် အစတုန်းကတော့ အိမ်ပိုင်ရှင်က ပိုက်ဆံအများကြီးတောင်းပေမဲ့ နောက်ရက်ကျတော့ ကျတော့်ကိုသနားလို့အိမ်လခတ၀က်ပဲပေးပါတဲ့လေ.....ကျတော်ဟိုအိမ်ကနေထွက်လာပီး သိပ်မကြာခင်မှာပဲ
အလုပ်ကလဲရသွားတယ် ဘာတခုမှတောင်ခက်ခက်ခဲခဲမလုပ်လိုက်ရပါဘူး တယောက်ထဲနေရတာ ခက်ခဲမယ်ထင်ခဲ့ပေမဲ့ အခုတော့ကျတော် တော်တော်လေးအဆင်ပြေနေပါပီ...

" ဒေါက်တာလေး...ဒီနေ့ကော ပုံမှန်ပဲလား "

" ပုံမှန်ပဲ နှစ်ချပ်ပေးပါ ကြီးကြီးရေ "

အာ..မွှေးနေတာပဲ အလုပ်ကနေမလှမ်းမကမ်းမှာရှိတဲ့ ဘိမ်းမုန့်ဆိုင်က ဘိမ်းမုန့်လေးကိုလဲနေ့တိုင်းစားဖြစ်တယ်လေ...ဒီအနီးနားကလူတွေကလဲ ကျတော့်ကိုဂရုစိုက်ပေးကြတယ် ဘယ်လောက်တောင် ကြည်နူးဖို့ကောင်းလိုက်လဲ ဒီနေ့လဲပျော်ရွှင်မိပြန်ပါပီ ...

" အဲ့ကလေး လမ်းဘေးကမုန့်တွေကို မနက်တိုင်းစားနေတာလား Sam "

" ဟုတ်ကဲ့ သူနေ့တိုင်း အဲ့ဘိမ်းမုန့်တွေစားနေတာပါ "

" အိမ်ကကော ? "

" အိမ်ကလဲ Bossခိုင်းတဲ့အတိုင်း အိမ်ပိုင်ရှင်ကို ပိုက်ဆံတ၀က်ပဲတောင်းခိုင်းတာပါ ကျန်တာကိုကျတော်ပေးပီးပါပြီဗျ "

" အလုပ်ကကော အဆင်ပြေရဲ့လား "

" ပြေတယ် Boss... ဆေးရုံအုပ်ကို Bossပြောခိုင်းတဲ့အတိုင်းပြောပီး လွန်းကို အလုပ်ခန့်ခိုင်းလိုက်တာပါ လစာလဲပိုပေးဖို့ ကျတော်ပိုက်ဆံထပ်ပေးပီးပါပီ "

" တာ၀န်ကျေလို့ ပြီးခဲ့တဲ့ကိစ္စကိုခွင့်လွှတ်ပေးလိုက်မယ် '

" Bossကလဲနော်...ကျတော့်မှာ အဲ့နေ့တုန်းကလွန်းပျောက်သွားတာနဲ့ အဲ့ရက်မှာတင်ပဲမရရအောင်စုံစမ်းခဲ့ရတာ Bossကလေးက ငလည်လေးလေ အကုန်အစအနဖျောက်ပီးသွားခဲ့တာ "

HANARY(S1+S2) Where stories live. Discover now