Extra 🛑

4K 192 30
                                    

(U+Z)

Unicode

ဇာတ်လမ်းအသစ်မိတ်ဆက်ခြင်းနှင့် မောင်နဲ့နှိုင်းအလွမ်းပြေစေရန်

Black Memory:Extra 

မြူနှင်းတွေတဖွဲဖွဲကျနေသော ဆောင်းရာသီရက်တစ်ရက်DS ဝိုင်ဆိုင်လေးမှာ လူစီကားလို့နေသည်။ လားရှိုး မြို့ရဲ့အအေးဓာတ်က
စွဲမက်ဖွယ်ဝိုင်ရနံ့လေးပေါင်းစပ်လိုက်မှ နွေးထွေးမူကိုဆောင်ကျဉ်းပေး၏။

" နှိုင်း ပင်ပမ်းနေပြီလား"

တစ်နေကုန်အလုပ်ရှုပ်နေရင်း လူနဲနဲပါးတော့ခေါင်လေးက နှိုင်းမျက်နှာကြည်ကြည်လေးကို ကြည့်ကာ နူးညံ့စွာမေးလာ၏။

" မပင်ပမ်းပါဘူး အလုပ်လုပ်နေရရင်ကိုပျော်နေတာ....အစကလေ ဝိုင်သက်သက်ပဲဆိုတော့ customer တွေ သိပ်မရှိမှာစိုးရိမ်နေခဲ့သေးတာ။ မထင်ထားဘူး တကယ်ကို
ရောင်းအားက တစ်နှစ်လုံး လုပ်သမျှဝိုင်
မလောက်မငှတောင်ဖြစ်လာပြီ"

"အဲ့တာက မောင့်နှိုင်းအရမ်းတော်လို့"

ပြောရင်း ခေါင်လေးကနှိုင်းနဖူးလေးကိုနမ်းသည်။ ပြီးနောက် သူချီးကျူးတော့ မနေတတ်စွာအပြုံးလွင်လွင်ဖြစ်နေသော
နှိုင်းကိုတစ်ချက်လေးတောင် အကြည့်မလွဲစေရပဲ လိုက်ကြည့်နေ၏။

"မောင်လည်း ကူညီပေးလို့ပါ"

ရှက်ရှက်လေးစကားသံကရှမ်းပြည်မှာအနေများလာလို့ပဲလား ရှမ်းသံလေးဝဲချင်နေ
သယောင်။

" နှိုင်း "

"ဟင်း"

" ဘာလို့မှန်းမသိဘူး... ဒီနေ့မောင်နှိုင်းကိုအရမ်းချစ်နေတယ်"

သူ နားသယ်စလေးကိုနမ်းလို့ခပ်ဖွဖွကျီစယ်ပြန်တော့ နှိုင်းက ခေါင်းကလေးယိမ်းပြီး သွားညီညီလေးတွေပေါ် အောင်ပြုံးနေ၏။ ထိုအခါ ခေါင်လေးမှာအသဲနှလုံးကို
ပိုးခူယားလေးဖြတ်လျှောက်သလိုဖြစ်သွားပြီး... စားရင်တွေ စစ်ကာပိုက်ဆံတွေရေတွက်နေသောနှိုင်းကို သူ့ဘက် မျက်နှာလေးဆွဲလှည့်ပြီး နှုတ်ခမ်းအိထွေးထွေးလေးကို
နမ်းရှိုက်လိုက်သည်။

Black Memory(U+Z)(Completed )Där berättelser lever. Upptäck nu