Part-57

10.8K 872 34
                                    

Unicode

"မင်း အဲ့လောက် ငတ်နေလား... စားစရာမရှိတော့ဘူးလား။ ဒီလ်ိုလုပ်မှ ဖြစ်မှလား...
ဟမ်း!!"

စိတ်တိုသည်။ စိတ်တိုသည်ထက် အဲ့လိုစိတ်တိုအောင် လုပ်သည့်သူဟာ ရဲဇော်ဖြစ်နေ၍ ပိုပြီးဒေါသထွက်နေသည်။

"မဟုတ်ဘူး.. ငါ "

"ငါ... ဘာဖြစ်လဲ ပြောလေ... ပြော... တောက်စ်!! မင်း ငွေနောက်လိုက်တယ်ဆိုတာ သိပေမယ့်အဲ့လောက်ကြီး အောက်တန်းကျလိမ့်မယ်လို့ မထင်ထားဘူး... ငါ့ အစ်ကို
နေရာမှာ မင်းကိုမြင်လိုက်ရတဲ့အတွက် ရင်ဘယ်လောက်နာလဲသိလား။ကွာ..... ငွေနဲ့ပေါက်သတ်ပစ်ရင် သေဦးမယ်
မင်း!"

ခေါင်လေးမှာ ရှူးရှူး ရှားရှားဖြင့် ပြောချင်ရာပြောပြီးမျက်နှာငယ်လေးဖြစ်နေသည့် ရဲဇော်ကြောင့် ပြစ်ပြစ်ခါခါကြီး ဆက် မပြောရက်တော့ပြန်ပေ။ ဒီကောင်လေးနှင့် သိကျွမ်း
လာသည့်တစ်လျှောက် အကျင့်ဆိုးလေးနဲနဲရှိသည်ကို သိရှိခဲ့ရပြီး စိတ်ထားလေးက နူးနူးညံ့ညံ့ဖြင့် ထိရှလွယ်သည် ကိုလည်း သတိထားမိခဲ့သည်။

"အဲ့တိုင်ကြီး ရပ်မနေနဲ့... မင်းမှန်တယ်မလား ခေါင်းမော့ထား!"

ထိုအခါ ရဲဇော်က ချက်ချင်း ခေါင်းမော့လာ၏။ ထို့အတူ မျက်ဝန်း၌ မျက်ရည်စတွေလည်း တွဲလွဲခိုလို့ပါလာလေ သည်။

"ငါ မင်း အစ်ကိုမှန်း မသိလို့"

"မသိလို့ ဟုတ်လား....မသိလို့.... မသိလို့... တောက်!!"

ခေါင်လေး၏လက်သီးက ထိန်းထားသည့် ကြားက ခုန်ထွက်ချင်နေပေပြီ။မသိလို့ ဆိုတဲ့အရာတွေရဲ့နောက်ကွယ်မှာ ဘဝပေါင်းများစွာ ပေးဆပ်လိုက်ရခြင်းကို သူကိုယ်တိုင်ကြုံခဲ့ဖူးသဖြင့် မုန်းသည်။

"ရဲဇော်က ဒီကို ဘယ်လိုလုပ်ပြီးရောက်လာတာလဲ"

ထိုစဉ် နှိုင်းက အမောတကော ပြေးလာပြီး သူတို့နှစ်ယောက် ရပ်နေသည့်အနားသို့ ရောက်လာ၏။ ခေါင်လေးသည် ရဲဇော်အား ခပ်စိမ်းစိမ်း ကြည့်လျက်...ခနဲ့သလိုဖြင့်...

"မေးနေတယ်ဖြေလိုက်လေ... "

"ဘာလို့ အော်နေတာလဲ မောင်ရာ... မင်းကရော ဘာလို့ ပြန်မပြောတာလဲ.."

Black Memory(U+Z)(Completed )Hikayelerin yaşadığı yer. Şimdi keşfedin