part-11

15.6K 1.1K 20
                                    

Unicode

ဆောင်းဝင်စပင်ရှိသေးသော်လည်း လားရှိုးဆောင်းကတော့ လေအေးတွေတိုက်ကာ ချမ်းစိမ့်လို့နေပေပြီ။ တစ်ဝီဝီသွားလာ
ဖြတ်သန်းနေကြသော လူသူတို့အကြား ခေဆက်ဟေးသည် ညီလေးအတွက် သတင်းကောင်းကို သယ်ဆောင်ကာ
အိမ်သို့ ခပ်မြန်မြန်ပင် ပြန်ခဲ့လိုက်၏။ သို့သော်လည်း သူအိမ်ပြန်ရောက်ရောက်ချင်းမှာပင် နဂိုထက်ပို၍ တိတ်ဆိတ်
နေသော အခြေအနေကို ရိပ်စားမိလိုက်ရသည်။ ဒုစရိုက်သမားပီပီ ညီစို့စို့ သွေးနံ့များကို အလွယ်တကူ ရှူရှိက်​ခံစား မိသည်။
သို့နှင့် သူသည် ညီငယ်အား စိုးရိမ်စွာ အိမ်ထဲသို့ပြေးဝင်လိုက်၏။

"ညီလေး... စိုင်လျန်..ညီလေး"

အိမ်ပေါက်ဝကပင် ညီလေးနာမည်အား တကြော်ကြော် အော်ခေါ်လျက် ပြေးဝင်သည့်နောက် မီးဖိုခန်း၏ ထောင့်
စွန်းတွင် နံရံအား ကျောမှီလျက် ခေါင်းငိုက်စိုက်ချကာ လဲကျနေသည်ကို တွေ့လိုက်ရသည်။ ဆက်ဟေးသည် မိမိခြေလှမ်းတွေ လှုပ်၍မရတော့သည့်အလား အံ့သြ
တုန်လျက်ခြင်းဖြစ်ပေါ်လာသည့်နောက်....

"ညီလေး!!!"

စိုင်လျန်ဆီသို့ ပြေး၍ ပျော့ခွေနေသာကိုယ်လေးကို ပွေ့ထားလိုက်၏။ လက်ဖဝါးဆီမှ
ခဲပျစ်နေသော သွေးများနှင့်အတူ လက်ကောက်ဝတ်ဆီမှ ဓားရာများကို မြင်လိုက်ရသည့်အခါ သူသွေးပျက်ချင်သလိုဖြစ်လာ၏။ ဘယ်လိုပင်လူဆိုးလူမိုက်ဟုဆိုစေအုံး ချစ်ရသော ညီလေးကိုတော့
ဒီလိုပုံစံမျိုးနှင့် သူ့ဘဝထဲကထွက်သွားခွင့်မပြုနိုင်ပေ။

"စိုင်လျန်...ညီလေး... ထဦးလေ...ကိုကြီးရောက်ပြီလေ ညီလေး....အာ.......အာ...."

မျက်ရည်တွေရောနှာရည်တွေဟာ တားဆီးမူကင်းမဲ့စွာ ကျဆင်းလာ၏။ သူသည် စိုင်
လျန်၏ လည်ပင်း၊ ရင်ဘတ်နှာခေါင်း စသဖြင့် အသက်ငွေ့များရှိနိုင်ဖွယ်ရာ နေရာများကို စမ်သပ်လိုက်ပြီး နွေးတေးတေးကျန်ရှိနေသော အရေပြား ကြောင့် ချက်ချင်းပင် စိုင်လျန်၏ ကိုယ်ကို ပွေ့ချီလိုက်ပါသည်။

ထို့နောက် ဆေးရုံသို့ မြန်ဆန်စွာ သွားရောက်ပြီး ဆရာဝန်တွေ အား အသက်ကယ်ပေးရန် ငိုယိုတောင်းပန်မိ၏။

Black Memory(U+Z)(Completed )Where stories live. Discover now