Part-43

13.2K 969 27
                                    

Unicode

သေတယ်ဆိုတဲ့ခံစားချက်ကဘယ်လိုမျိုးလဲတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် ဘယ်တော့မှ မနှိုးနိုင် လောက်တော့ဘူးလို့ ကျွန်တော်ထင်ခဲ့တယ်။ အထူးသဖြင့်
ဟင်းလင်းပြင်ကြီးထဲမှာ အိမ်ပြန်လမ်း ရှာမတွေတဲ့ အချိန် မှာပေါ့။

ဘယ်သူမှမရှိတဲ့နေရာမှ ဘာမှမရှိပဲ အချိန်တွေ အကြာကြီး နေနေခဲ့ရတယ်။ ထွက်ပေါက်ဘယ်နေရာမှာလဲ ဆိုတာကိုတောင် ရှာဖွေလို့မရတဲ့အချိန်မှာ.. ကျွန်တော့်
အနားကို ရောက်လာတဲ့ တစ်ဦးတည်းသောလူသား။ သူက သူ့ကိုယ်သူ ပြောတယ် နှိုင်းတဲ့။

ထူးဆန်းစွာ ကျွန်တော် ဝဲဘက်ရင်အုံထဲက နှလုံးသားဟာ ဒုတ် ခနဲ ခုန်မြည်လာတော့တယ်။ ဘာကြောင့်လဲ ကျွန်တော်မသိဘူး။ နှိုင်း ဆိုတာဘယ်သူမှန်းလည်း ကျွန်တော်
သေချာမသိဘူး။ ဒါပေမယ့် ကျွန်တော့်လိုမျိုး
ဟင်းလင်းပြင်ကြီးထဲ သူ အထီးကျန်နေမှာကိုစိုးရိမ်တယ်။ ကျွန်တော် ဘယ်လိုပဲနေရနေရ အဆင်ပြေပေမယ့် သူ့ကိုတော့တစ်ယောက်တည်း ရှိမနေစေချင်ဘူး။ ဒါကြောင့် ဒီကနေထွက်သွားပါ။ မလာပါနဲ့... ဒီနေရာကမင်း လာရမယ့် နေရာမဟုတ်ဘူး ။

ကျွန်တော်မောင်းထုတ်မိတယ်။ အနားမလာဖို့ပြောရင်း ပြေးထွက်ခဲ့တဲ့နောက်... ကျွန်တော်ထွက်ပေါက်တစ်ခု ကို ရှာတွေ့ခဲ့တယ်။

စိတ်ဝိညာဉ် ဟာ ထိုအချိန်မှ အသိရှိလာသလိုပဲ ကျွန်တော် ဘယ်သူဆိုတာမှတ်မိလာပြီး နာကျင်မူတွေကို ခံစားလာရတယ်။  နှိုင်း ဆိုတာ ကျွန်တော် သိပ်ချစ်ရတဲ့ ချစ်သူဖြစ်ကြောင်း ကို မှတ်မိသွားတဲ့အခါမှာ ကျွန်တော်နောက်ပြန်လှည့်လို့ မရတော့ဘူး။

နှိုင်းရေ.. မောင့်ဆီပြန်လာနော်။ အဲ့ဒီ ဟင်းလင်းပြင်ကြီးမှာ မနေပါနဲ့....မောင် ပြေးတဲ့နောက် လိုက်ပြေးလာခဲ့နော်။
နှိုင်း မောင့်စကား နားထောင်နော်။

သူအကျယ်ကြီးအော်ဟစ် မိတယ်ထင်၏။ နှိုင်းကြားပါစေ ဟု အကြိမ်ကြိမ်တောင်းဆုပြုပြီးနောက် သူ တစ်ဖန်ပြန်နိုးလာခဲ့ပါသည်။ မျက်လုံးတို့ကို ဟိုဒီ ဝှေ့ကြည့်
သည့်အခါ ပြတင်းတံခါးမှ ဝေးလီဝေလင်း မှုန်ဝါးဝါး အလင်းရောင်ကို တွေ့ရှိလိုက်ရသည်။ ယခုထက်တိုင် သိုးနေအောင် အိပ်နေသည့် မိုးဇေကြောင့် ဘေးတွင် တင်ထားသော ကော်ခွက်တစ်ခုကို ကြမ်းပြင်ပေါ်တိုက်ချလိုက်လေသည်။

Black Memory(U+Z)(Completed )Where stories live. Discover now