Interviews Part-1

6.8K 451 23
                                    

Unicode

"တန်ဖိုးများ မရှိတော့ဘူးလို့ ငါထင်နေတဲ့ဘဝ

မင်းရဲ့လက်မှာငါ တစ်ခါပြန်လည်ကာ

အသက်ဝင်တောက်ပ...ဝိုး...

နင်ဟာအရှုံးတွေထဲမှာ မျောနေတဲ့သူငါ့ကိုဆယ်ရင်း

ပျော်ရွှင်ခြင်းက်ို ငါ့ရင်ဘတ်မှာ

တံဆိပ်လို ကပ်ရင်း...

နင်ဟာငါ့အတွက်တော့...

နင်ဟာငါ့အတွက်တော့...

ငွေလမင်း..........."

တငြိမ့်ငြိမ့်လေးထွက်ပေါ်နေတဲ့သီချင်းက နှိုင်းရဲ့ Double လျှံ လို့ခေါ်တဲ့ ဝိုင် ဆိုင်လေးကဖြစ်သည်။

"နှိုင်း အဲ့လိုကြည့်နေရင် မောင်လုပ်လို့မရဘူးလေ"

"ကြည့်ချင်တာကို မောင်ကလည်း "

ခေါင်လေးသည် မျက်ခုံးလေးတွေတွန့်ချိုးလို့ တပျင်ခွေထိုင် ရင်း ​မွှေးဖြူလေးကို ချီထားသည့် ချစ်ရသော ပိုးတုံးလုံးလေးအား ကြည့်လိုက်ပါသည်။ ရှေ့ဆံပင်အုပ်အုပ်လေးကို
ရှုပ်လို့ထင်ရဲ့ ကြက်တောင်စီးလေးလို ထိပ်မှာစီးထားပုံက ချစ်စရာကောင်းလွန်းနေသည်။

"နဲနဲနောက်ဆုတ်ကြည့်လေ"

"ဒီကပဲ ကြည့်မှာလို့ "

နှုတ်ခမ်းလေးဆူပြီး စိတ်ကောက်ပြနေသော
လူကြီးပေါက်စလေးက်ို သူဘယ်လိုနားဝင်အောင်ပြောရမည်လဲ မသိတော့။ မွေးနေ့တုန်းက ဆုတောင်း လိုက်တဲ့ ဆုတောင်းစကားတွေကို နှိုင်းက အပီအပြင်ကို ဖြည့်ပေးနေတာဖြစ်သည်။ ခေါင်လေးသည် နှိုင်းဆိုးပြနေသည့်ပုံလေးက ကလေးလေးနှင့်တူသဖြင့်
ချော့ပြောနေရသည်ကိုပင် ဘဝင်တွေ့လို့နေပါ၏။

"မျက်လုံးထိမှာစိုးလို့ မောင်က ပြောနေတာ... "

ဆိုတော့ စိတ်ကောက်ပြီး ထထွက်သွားဖို့ ပြင်နေတဲ့ ပိုးတုံးလုံး လေးကြောင့် သူ ခပ်မြန်မြန် ပင် ပြန်ဆွဲကာ ထိုင်စေလိုက်ပါ၏။

Black Memory(U+Z)(Completed )On viuen les histories. Descobreix ara