Part-2

33.7K 1.9K 14
                                    

Unicode

"ရှမ်း နှစ်ပွဲနော်"

ခေါက်ဆွဲဆိုင်က အစ်ကိုကြီးကို မှာလိုက်ပြီးနောက် ခေါင်လေးနဲ့ နွေးတို့နှစ်ယောက်အတူတူ စားပွဲ တစ်ခုမှာ ဝင်ထိုင်
လိုက်ကြပါသည်။

"ပြောပါအုံး မနေ့ကဘာဖြစ်တာလဲ"

ခေါင်လေး က စကားစေတာ့ နွေးက ရေနွေးခွက်ထဲက ရေကိုတစ်ငုံ အရင်သောက်လိုက်ပါသည်။

"နင် ယောကျာ်း လေးတွေကိုကြိုက်တာလား"

ခေါင်လေး ဘာစကားမှ မဆိုပဲ နွေးကိုအံ့သြ တွေးဝေစွာ ကြည့်၏။ ပြီးမှ စကားဆက်လေသည်။

"နင်ဘယ်လို သိတာလဲ"

"ဒါဆို ငါထင်တာ သေချာတယ်ပေါ့"

"နင် ဘယ်လို သိသြားတာလဲ လို့။ တစ်ယောက်ယောက် လာပြောတာလား"

"ပြောစရာလား ခေါင်လေး နင့် အကြောင်း
ငါတောင် မသိတာ ဘယ်သူက သိမှာလဲ"

နွေး ကိုကြည့်ရင်း ခေါင်လေး ဘာပြောရမယ်မသိ။ ကိုယ့်ဟာကိုယ်တောင် ဒီလိုလူမျိုးမှန်း သိတာ တစ်နှစ်မပြည့်သေးပေ။သိသိချင်း ရှက်လို့ ဘယ်သူ့ကိုမှမပြောပြဖြစ်ခဲ့သည့်နောက်ယုံတောင်မယုံနိုင်လို့ စမ်းသပ်ချင်စိတ်ဖြင့် ယောကျာ်း တစ်ချို့နဲ့ sexလုပ်ခဲ့သေးသည်။ အခုတော့များဖြင့် သူဟာ sex
စွဲလန်းသူကြီးကို ဖြစ်မှန်းမသိဖြစ်နေပေပြီ။

"အဲ့တာမေးမလို့ မနေ့ကဖုန်းတွေခေါ်ထားတာလား"

"အေ့လေ နင်က ဘာလုပ်နေလို့ဖုန်းမကိုင်တာလဲ"

"Dateနေလို့ "

"ဘာ!!!ဒါဆို နင့် ကောက်မလေး အဲ့ ဘယ်လိုခေါ်ရမှာလဲ နင့်ရည်းစား နဲ့ လျှောက်သွားနေတာပေါ့"

နွေးစကား ကြောင့် ခေါင်လေးက ရယ်ရင်း လာချပေးတဲ့ ရှမ်းခေါက်ဆွဲကို တူ ယူပြီး
မွှေလိုက်ကာ.....

"ငါ့ ရည်းစားမဟုတ်ပါဘူးဟာ။ သူနဲ့
တစ်ရက်လောက် dateပေးပါဆိုပြီး အတင်းတောင်းဆိုလို့ သွားချင်တဲ့ နေရာ
တွေကို လိုက်ပို့ပေးနေတာ"

"ဖြစ်ရလေဟယ်။ ငါကေတာ့ နင်များ တစ်ခုခုဖြစ်ပြီလားဆိုပြီး စိုးရိမ်သွားတာ သူကျတော့ သာယာနေတယ်"

Black Memory(U+Z)(Completed )Where stories live. Discover now