Part- 51

11.9K 879 45
                                    

Unicode

လွန်ခဲ့သော သုံးနှစ်ကျော်... စာမေးပွဲပြီး၍ ခေါင်လေးတို့ ရွာပြန်လာသော အချိန်။

ကြံခင်း အစပ်တွင် ခေါင်လေးနှင့်
ဖိုးကျော် တို့ တောရနံ့ကို လေးညှင်း ခံကြရင်း...ခေါင်လေးက ဆေးလိပ်ကိုမီးညှိကာ
ဖွာလိုက်ပါ၏။

"တကယ်လို့ကွာ ဘဝမှာ အချစ်နဲ့လက်တွဲဖော် မတူညီကြဘူးဆိုရင်.... မင်းဘယ်လို လုပ်မလဲ"

ဖွီး!!

ထိုအခါ ကျော်ခန့်ပိုင်က ကွမ်းတံတွေးကိုမာန်ပါပါထွေး လိုက်ပြီးခေါင်လေး လက်ထဲမှဆေးလိပ်ကို ဆတ်ခနဲ ယူလိုက်ကာ မီးသေအောင် မြေကြီးပေါ်ထိုးချလိုက်၏။

"ဆေးလိပ် လာ သောက်မနေနဲ့ ကိုဘုန်း!! ငါ့ ကြံခင်း မီးလောင်ရင် ကိုဘုန်း တို့ကြံခင်းလဲ ပြာချပစ်မှာ!"

ခေါင်လေးသည် စိတ်မဆိုးပါပဲ  ခပ်ပါးပါး ရယ်လျက် သဘာဝ မြက်ခင်းပေါ် လှဲချလိုက်ကာ တိမ်အနဲငယ်သာရှိသော
ကောင်းကင်ပြာကိုငေးကြည့်နေလိုက်သည်။ ကျော်ခန့်ပိုင် ဆိုသည်က ပြောလျှင်ပြောသည့်အတိုင်း တကယ်လုပ်မည့်
ကောင်မို့ သူ အရွဲ့တိုက်ပြီး နောက်တစ်လိပ်
သောက်လို့မဖြစ်ပေ။ ဒီကောင်က နဲနဲတော့ဇပြင်းသည်။ တစ်ခါတစ်လေ ဘယ်သူကအကြီးမှန်းတောင်မသိ ကမ္ဘာ ပေါ်မှာ သူပဲ အလိမ္မာဆုံး လူသားလိုလို ဆရာကြီး လုပ်တတ်သေးသည်။ ဘုန်းထွဋ်ခေါင်လျှံ
ဆိုသည်ကလည်း မိမိအား တစ်စက်လေးမျှပင်သေးသေးတင်ခံချင်သူမဟုတ်ရကာ
နှစ်ယောက်သား တည့်သည့်အခါက ရှားလွန်းသည်။

"အချစ်ဆိုတာ သိပ်ဆန်းကျယ်တယ်တဲ့ ..ကဗျာဆရာတွေ သီးချင်းရေးဆရာတွေ...တော်တော်များများကဖွဲ့နွှဲ့ပြီး
ဆိုခဲ့ကြတယ်။ ငါ့အတွက်တော့ အချစ်က ကွမ်းယာလိုပဲ...မစားပဲလည်း မနေနိုင်ဘူး စားနေတုန်း နေသာထိုင်သာ ရှိပေမယ့် စားပြီးသွားရင် သွားတွေ လျှာတွေနီပြီးကျန်ခဲ့ရော။
တစ်ခါတလေ ထုံးမကောင်းရင် ထုံးပေါက်တဲ့ဒဏ်က ခံရသေးတာ။ ဒါပေမယ့် ငါ ကွမ်းယားကိုဆက်စားနေတုန်းပဲ"

ကွမ်းစားပြီး သေလိုက်တော့ ။

ခေါင်လေးက စိတ်ထဲမှ ကြိမ်ဆဲကာ အပြင်မှာတော့ မသိနားမလည်သလို စိတ်ဝင်စားဟန်ဆောင်ထားပါသည်။ အဲ့ဒါထက်ငါ့ဆေးလိပ် တစ်လိပ် က ဘယ်လောက်တန်ဖိုးကြီးလဲမင်းသိဖို့ကောင်းတယ်။

Black Memory(U+Z)(Completed )Waar verhalen tot leven komen. Ontdek het nu