Part-54

11.8K 932 75
                                    

Unicode

ဒါ ရန်ကုန်ဘူတာဟုတ်တယ်မလား။ရန်ကုန်ဘူတာက ဘယ်နှစ်ခုရှိလို့လဲ။ ဒီတစ်နေရာပဲမဟုတ်ဘူးလား။သူတောင် ချက်ချင်းရောက်လာခဲ့သေးတာ စိုင်လျန်က
ဘာလို့ရောက်မလာသေးတာလဲ။ ဇဝေဇဝါ မေးခွန်းတွေ ဘယ်သူကိုမေးပြီး ဘယ်သူကဖြေပေးမှာလဲမသိ။

တစ်နေထွက်လို့ တစ်နေဝင် တစ်မိုးထပ်ချုပ်ပြန်ပြီ။ ကလေးလေးရာ မင်း ဘယ်မှာလဲကွာ။

မိုးဇေသည် မျက်နှာက်ို ခပ်ကြမ်းကြမ်းပွတ်လို့
ခုံလေးမှာပင် ကွေးကွေးလေး အိပ်ပျော်သွားခဲ့ပြန်သည်။ စကားသံတစ်စီစီနှင့် ဆူညံလှသည့်အချိန်တွင် သူပြန်နိုး လာခဲ့ပြန်၏။ နောက်တစ်နေ့ကူးသွားပြန်ပြီလား။
နာရီကိုတစ်ချက်ကြည့်.. ပြီးမှ သက်ပြင်းကိုခပ်ဖြေးဖြေးချရ သည်။ ဒီနေ့ မန္တလေး ရထား မလာသေးဘူးပဲ။ လားရှိုးရန်ကုန်က တိုက်ရိုက်ရထားမရှိဘူးဆိုတော့
မန္တလေး ရထားနဲ့ပဲ လာလောက်မှာပါ။ တကယ်လို့ ရထားမစီးပဲ တစ်ခြားဟာစီးသွားရင်ကော။

မင်းကွာ....တွေ့မှ အမှုန့်ကြိတ်ပြစ်မယ်။ ဘယ်မှလျှောက် သွားလို့မရအောင် ကြိုးတုပ်ထားပစ်မယ်။ အခန်းထဲ ထည့်ပိတ်ထားပစ်မယ်။ မဟုတ်သေးပါဘူး အဲ့လိုလုပ်ရင်
ကလေးလေးက ငါ့ကိုမုန်းသွားမှာ။

ဟာကွာ....။

"အစ်ကို... "

စိတ်ညစ်ညူးနေတုန်း ချိုလွင်လွင်အသံတစ်ခု ကိုယ့် မျက်စိရှေ့မှာ ခြေစုံရပ်ပြီး ခေါ်နေသည်မို့ မော့ကြည့်လိုက် လျှင် မိန်းကလေးတစ်ဦး ကြင်နာစွာပြုံးပြလို့နေ၏။

"ကျွန်မကြည့်နေတာကြာပြီ.. သုံးရက်လောက်ရှိပြီ...အစ်ကို ဘာမှလည်းမစားမသောက်ပဲထိုင်နေတာတွေ့လို့။ ကျွန်မအိမ်က ထမင်းထည့်လာတယ် စားလိုက်ပါလား"

မိုးဇေသည် ချက်ချင်းမဖြေသေးပဲ ခေတ္တငေးနေသေး၏။ ဖြူဖြူဖွေးဖွေးနဲ့ သေးသေးလေးမို့ စိုင်လျန်များ မိန်းကလေး လိုဝတ်ပြီး သူ့ရှေ့ရောက်နေသလား ထင်မိသွားလေသည်။
ငါတကယ်ရူးနေပြီ။

"အစ်ကို!!!"

သူမက ကြောင်ကြည့်နေသည့်သူ့ကို သတိထပ်ပေးလာလျှင် မိုးဇေသည် အားတုံ့အားနာစွာဖြင့်...

Black Memory(U+Z)(Completed )Wo Geschichten leben. Entdecke jetzt