Part-29

13.2K 977 42
                                    

Unicode

ခြုံနွယ်တို့ ပေါက်ရောက်လျက် မှတ်တိုင်လေးတစ်ခုသာထင်ကျန်နေသော လူတစ်ဦး၏ တစ်ဘဝအဆုံးသတ်။ ဟိုနေရာဒီနေရာ မှ ကျီးငှက်အော်သံတို့ စည်ညံနေလျက်
အပြာရောင်ကောင်းကင်နှင့် ပထဝီမြေကြီးကြား ဝမ်းနည်းမူ ပူဆွေးမူတွေကို ခံစားနေရသော ကောင်လေးတစ်ယောက် (သ်ို့တည်းမဟုတ်)ကောင်မလေးတစ်ယောက်
နှင်းဆီပန်းတစ်ပွင့်ကိုင်လို့ ရပ်နေပါသည်။

"လာတာနောက်ကျသွားလို့ တောင်းပန်ပါတယ် ကိုကြီး။ ကျွန်တော် ပုံစံကြောင့် စိတ်ပျက်ပြီး ကိုကို့ ကို အပြစ်မတင်
ပါနဲ့နော်။ ဒါ ကျွန်တော် ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းမလို့ ကိုကြီး နားလည်ပေးမယ်မဟုတ်လားဟင်"

မြေကြီးထဲ အရိုပြာတွေသာရှိတော့မည်ကို သိပါလျက် နန်းဟွမ် စကားတွေပြောနေမိ၏။ တဖြူဖြူး တိုက်နေသော လေပြေကြား တလွင့်လွင့်မျောနေသော ဆံပင်တွေကြောင့် ဖယ်ချရတာလဲအခါခါ။

"မြန်မြန်လုပ်.. အချိန်မရှိဘူး"

နာရီကိုကြည့်လျက် ရဲဇော်က သတိပေလျှင် ...

"သွားတော့မယ် ကိုကြီး ကျွန်တော့်ကိုစိတ်မပူနဲနော် ကျွန်တော် အန္တရာယ်ကင်းပါတယ်။.. သြော်..မေးဖို့တစ်ခု ကျန်သေးတယ်..."

နန်းဟွမ် သည် စိမ်းနုရောင် ဂါဝန်လေးနဲ့ ဆံပင်တွေကို သပ်ရပ်စွာ သေချာ ပြင်လိုက်ပြီး မျက်နှာကို အချိုသာဆုံး ပြုံးလိုက်၏။

"ဘယ်လိုလဲ ကျွန်တော်လှတယ်မလား"

ရဲဇော်သည် နန်းဟွမ် ကိုကြည့်လျက် စိတ်မသက်သာစွာ သက်ပြင်း ချလိုက်ပါသည်။ ထို့နောက် ဘေးဘီဝဲယာကို ကြည့်လိုက်လျှင် သချိုင်​း မြေအတွင်းသို့ ကားတစ်စီး
ဝင်ရောက်လာသည်ကို တွေ့လိုက်ရသဖြင့် စူးစမ်းစွာ ကြည့်လိုက်ပါ၏။

ဘောင်းဘီအနက်ရောင်နှင့် အကျီ..သပိတ်
ရောင်ကို ဝတ်ဆင်လျက် မျက်မှန်အမဲရောင်ကို တပ်ဆင်ထားသော ခပ်လတ်လတ်အရွယ်လူ တစ်ဦး ကားပေါ်က ဆင်းလာ
သည်ကို မြင်လျင် သူ ရုတ်တရက် အံ့သြသွားကာ..

" မိုးဇေ!"

ရဲဇော် ရေရွတ်သံကိုကြားလျှင် စိုင်လျန်သည်လည်း သူကြည့်နေရာသို့ လိုက်ကြည့်လျက်..

Black Memory(U+Z)(Completed )Where stories live. Discover now