Part-10

17.3K 1.1K 21
                                    

Unicode

"ကျွန်တော့်ကို ကိုသုတရဲ့ Bar မှာအလုပ်ခန့်ပါလား"

"ဟင်!!!"

ရုတ်တရက် ပြောလိုက်တဲ့ ခေါင်လေးစကားကြောင့် နှိုင်း မယုံနိုင်သလိုလေး ဖြစ်သွားရပါသည်။ သူ အံ့သြစွာ မှင်သက်နေမိတုန်းမှာပဲ ခေါင်လေးရဲ့ဖုန်းဟာ မြည်တွန်းလို့လာခဲ့ပါ၏။

ဖုန်း screen လေးကို ကြည့်ပြီး ပြုံးသွားတဲ့ ဘုန်းထွ၌ခေါင်လျှံ ရဲ့ အပြုံးတွေမှာ နှစ်သက်မူ၊ ကြည်နူးမူ တွေပါဝင်နေသလို။

"Hello နွေ "

"..."

နူးနူးညံ့ညံ့ ခေါ်သံတစ်ခုဟာ သူမအတွက်မူပိုင်ဖြစ်နိုင်သည်ထင်၏။ အတူတူရှိရမယ့် ရက်တွေအတွက် သူဟာ ရင်ခုန်
စိတ်ကူး ယဉ်ခွင့်တောင် ကင်းမဲ့နေသူပါလား။ နှိုင်း မင်း သိပ် သနားစရာ ကောင်းတာပဲ။

"အခုလား ငါနေသိပ်မကောင်းလို့ အပြင်မထွက်ချင်ဘူး"

"..."

"အင် လာခဲ့ အခုချက်ချင်းမလာနဲ့နော်.. ငါမျက်နှာသစ်ရဦးမှာ ဆိုတော့ ဆယ်ငါးမိနှစ်လောက်နေမှလာခဲ့ "

".."

"မကြာပါဘူးဟာ... အင်.. လူမမာစာဝယ်လာပေး..ဆန်ပြုတ် မဟုတ်ဘူးနော် ပေါင်မုန့်တို့ ကိတ်မုန့်တို့"

"...."

"ဟီး...အင်းပါ ဒါပဲနော်"

"..."

ဘုန်းထွဋ်ခေါင်လျှံ ၏ လွတ်လပ်ပေါ့ပါးစွာသော စကားသံတွေဟာ သူနဲ့ပြောသလိုမျိုး မာထန်မူတော့ မရှိ။နှိုင်းသည်
နာကျင်ရမည်ကို သိပါလျက် မျှော်လင့်ချက်သေးသေးလေး ဝင်ရောက်လာသည့် ကိုယ့်ကိုယ်ကို ရိုက်နှက်ဆုံးမပြစ်ချင်လာ၏။ ဖုန်းပြောပြီး သည့်နောက် သူ့ကိုပင်လှည့်မကြည့်တော့ပဲ ထွက်သွားပြန်သော ကျောပြင်ဟာ အထီးကျန်ဆန်မူနဲ့အတူ ရင်တွင်းဆို့နင့်မူကိုလည်း ဖြစ်ပေါ်လာစေသည်။ မင်းနဲ့တစ်ခါတွေ့တိုင်း ငါ့ရောဂါတွေ တစ်ခါတိုးနေပါလား။

နှိုင်းသည် သက်ပြင်းမောကို ချလျက် တစ်နေ့တာလုပ်ငန်း စဉ်ကို ပြန်လည်စတင်လိုက်သည်။ ဒီလိုပျင်းရိ ငြီးငွေ့ဖွယ်
နေ့တွေမှာ သူဟာ ဘယ်သူ့အတွက်များ အလုပ်တွေ ကြိုးစား နေရသလဲ။

Black Memory(U+Z)(Completed )Where stories live. Discover now