Interview Part-2

6.1K 515 54
                                    

Unicode

"တစ်ချို့တွေကတော့ ခေါင်လေးနဲ့နှိုင်းရဲ့ အချစ် ကပြီးပြည့်စုံတယ် နှစ်ယောက်စလုံးကအရမ်းလိုက်တယ်။ အဲ့ဒါကြောင့် နှစ်ယောက်လုံးကို ချစ်နေရတာနဲ့တင်
မေးခွန်တွေက ထွက်မလာပါဘူးတဲ့ "

"ကျွန်တော်တို့ကိုချစ်ပေးလို့ ကျေးဇူးပါ..."

စိုင်လျန်သည် မေးခွန်စာရွက်လေးအား ဆက်ကိုင်ထားရင်း...

"ဒီစာလေးကတော်တော်ရှည်တယ်...ကိုကို့ကို
ဖတ်ပြချင်တယ် ကိုကိုဖြေဖို့လိုအပ်တယ်။ အစီအစဉ်လေး ပြန်လွှင့်တဲ့အခါ ကိုနှိုင်းလည်း နားထောင်လို့ရတာပေါ့။ ကိုကို ကိုနှိုင်းကို ပြောမပြဖြစ်ခဲ့တဲ့အကြောင်းကိုတွေကို
ဒီကနေ တစ်ဆင့် ပြောပြပေးချင်တယ်"

ခေါင်လေးသည် စိုင်လျန်းအား တစ်ချက်ကြည့်ပြီး မေးဆတ်ပြပါ၏။ ထိုအခါ စိုင်လျန်သည် စာရွက်လေး ကိုကြည့်ပြီး စာချွန်လွှာလေးကို ...စတင်ဖတ်လေသည်။

"မတွေ့ဖြစ်တဲ့နေ့တွေ အကြာကြီးမှာ တစ်ယောက်ကို တစ်ယောက်ရင်ထဲထားပြီး ဘယ်လိုများချစ်နိုင် ရတာလဲခေါင်လေးနဲ့ နှိုင်းတို့ရယ်...ပြန်တွေ့တဲ့အခါ မခေါ်မပြော
နိုင်မဖြစ်ရအောင် အားလုံးအပေါ်ကောင်းမွန်စွာ နှုတ်ဆတ် လက်ပြတတ်ခဲ့တဲ့ ခေါင်လေးရေ မင်းလေးဟာ ကိုယ့်အတွက်တော့ Idea Personပါပဲ "

ခေါင်လေးသည် နာထောင်နေရင်း မျက်ခွံလေးတွေ တဖျက်ဖျက်လှုပ်ရှားနေကာ လက်လေးနှစ်ဖက် သွယ်ယှက်လို့ငြိမ်သက်စွာနားထောင်နေလေသည်။

"နှိုင်းရဲ့ အိပ်ခန်းလေးကို လာငေးကြည့်ပြီး
ပြန်သွားတတ်တဲ့ ကောင်လေး တစ်ယောက်အကြောင်းဟာ ကိုယ့်အတွက် Shockပါ။ "

ထိုစာသာအဆုံးမှာတော့ liveကြည့်နေသည့် နှိုင်းက ခေါင်လေးကို မော့ကြည့်လာပြီး... အစီအစဉ် ကို ဆက်ကြည့်နေလေသည်။ရင်ထဲတွင်တော့မေးခွန်းပေါင်း များစွာအစပျိုးလို့နေလေပြီဖြစ်သည်။

"အချစ်ကို အချစ်အတိုင်းမြင်ပြီး တစ်ယောက်စီအပေါ် ရှင်းလင်းစွာရှိတဲ့ မေတ္တာတွေအကြောင်း သေချာချပြသွား
နိုင်တဲ့ ခေါင်လေးရဲ့စိတ်ဟာ တကယ့်ကို realityဆန်တယ် ။ အလိမ်အညာမပါပဲ ဘယ်သူ့ကိုတော့ ဘယ်လိုချစ်တယ် သူရဲရင့်စွာပြောတယ် ။ နှိုင်းရဲ့နားလည်
တတ်တဲ့စိတ်မျိုး ကိုယ်လေးစားလိုက်တာ... အဲ့ ဒီလို ယုံကြည်နားလည်သွားတဲ့အဆင့်ထိရောက်အောင် ဖြတ်ကျော်သွားခဲ့ရတဲ့ သူတို့ နေ့တွေညတွေတိုင်းမှာ ကိုယ်အတူ လိုက်ပါ ငိုကြွေးခဲ့ရတာပါ ။ ခေါင်လေးနဲ့ နှိုင်းလေး နာကျင်ရင် ကိုယ်ပါ နင့်နေအောင် ခံစားရတယ် ။ ထာဝရပျော်စေချင်တယ် နွေး ကိုလည်း ခေါင်လေးသိပ်ချစ်တာကို သိတယ်....
နှိုင်းသဝန်တိုစရာမလိုကြောင်း အချစ်ဟာ ဖြူစင် သန့် ရှင်းစွာ သူ့နေရာနဲ့သူ မြင့်မြတ်နေတတ်ကြောင်း ခေါင်လေးက ပြသွားခဲ့တယ်။ ယုံကြည်စွာ သူ့အပေါ်ပ်နှင်းနိုင်အောင် နှိုင်း အပေါ် သူရိုးသားလွန်းတာ ကိုယ်တို့သိတယ်။ ခေါင်လေးလို ရဲရင့်စွာချစ်တတ်သူ ...
သူငယ်ချင်းအပေါ်လည်း လိုတိုင်းအသင့်ရှိသူ...ချစ်သူအတွက်လည်း အချိန်မရွေးလုံခြုံမှုပေးနိုင်တဲ့သူမျိုး ကိုယ်ဖြစ်ချင်မိပါတယ်....အဲ့ဒီအခါမှာ နှိုင်းလေးလို
နားလည်ပေးသူတစ်ယောက် ဆုလာဘ်အဖြစ်
ကိုယ့်အနားပိုင်ဆိုင်ခွင့်ရပါစေလို့ ဆုတောင်းမိတယ် အချစ်ထက်အရေးကြီးတဲ့အရာတွေကို အရင် ရင်ဆိုင်ဖို့ကြုံလာတဲ့အခါ... အချစ်ကို ထားပြီး ထွက်သွားမိ တဲ့နေ့တွေမှာ ထွက်သွားရသူလည်း နာကျင်တတ်တဲ့ အကြောင်း ကျန်ရစ်ခဲ့သူလေးကို ပြောပြပေးချင်မိတဲ့ အချိန်တွေ ကိုယ့်မှာရှိခဲ့ပါတယ် ။
အခုတော့ စိတ်အေးရပါပြီ ။အဲလိုဝေးနေချိန်မှာ နှစ်ခုပဲရှိတယ် ထာဝရဝေးသွားမလား
ပိုပြီးခိုင်မြဲစွာ ချစ်မလား?။ခေါင်လေးတို့က ပိုပြီး နားလည်စွာချစ်သွားခဲ့တယ်နော် ။ဘယ်တော့မှဘာကြောင့် မှတော့ နှိုင်းလေးကို မထားခဲ့နဲ့တော့နော် ဘာလုပ်လုပ် အသိပေးပါ ဘယ်သွားသွားခေါ်သွားပေးပါ နှိုင်းလေးက သိပ်ကို နူးညံ့သိမ်မွေ့လွန်းလို့ပါ ခေါင်လေးကြောင့်သာသူ့မှာ သတ္တိတွေရှိနေရတာ"

Black Memory(U+Z)(Completed )Wo Geschichten leben. Entdecke jetzt