Part-62

11.2K 935 115
                                    

Unicode

အအေးဓာတ်လွှတ်ထားသည့် အလောင်းခေါင်းထဲမှ မြင်နေရသော အမျိုးသမီးဟာ အလှပြင်ပေးထာ၍ သနပ်ခါးတို့ဖြင့် လှနေခဲ့သည်။ မိုးဇေသည် ခြေဖျားလက်ဖျား
တို့ တုန်ယင်အေးစက်နေခဲ့ကာ ဘာကိုမှမှတ်မိသဖြင့် ကိုယ့်ကိုယ်ကိုယ်ဒေါသထွက်လာခဲ့သည်။

"သူကဘယ်သူလဲ"

ခန့်ပိုင်အမေးကို ရဲဇော်က.. စိတ်မကောင်းစွာဖြင့်..

"မင်း အစ်ကို"

"သေ.. သေပြီဆို"

"အင်... သေလူလိုဖြစ်သွားပြီး ဘာမှမမှတ်မိတော့တာတဲ့"

ခန့်ပိုင်သည် မိုးဇေအား မယုံနိုင်စွာ ကြည့်ရင်း လူက နေရာမှမရွေ့အချိန်ကြာမြင့်စွာ ရပ်နေခဲ့သည်။ ပြီးနောက် အမေ့အလောင်း ဘေးတွင် မျက်ရည်မကျပဲ အဓိပ္ပါယ် မဲ့ စွာငေးကြည့်နေသည့် မိုးဇေ အနားသို့ သွားလျက်..

"မင်း က ငါ့အစ်ကို ဆိုတာလား "

မျှော်လင့်ချက် များစွာဖြင့် သူမေးမိစဉ်...

"ဟင်... ငါမသိဘူး... "

တစ်ချိန်းတည်း ရိုက်ချိုးခံလိုက်ရသည့် ခံစားချက်...

"အခုထိ မမှတ်မိသေးဘူးလား... မင်း မှတ်မိအောင် ဘာလုပ်ပေးရမလဲ ခေါင်းရိုက်ခွဲပေးရမလား"

မျက်ဝန်းတို့ နီရဲနေသော ခန့်ပိုင်ဟာ အစ်ကိုဖြစ်သူကို ပြန်တွေ့ရသော်လည်း မမှတ်မိ၍ နားကျင်စွာပြောမိသည်။

မိုးဇေသည် အံ့တွေကြိတ်ထားလျက်... ဘာမှမသိပဲ ရင်ဘတ်တွေစူးအောင့် နေခြင်းကို ခံပြင်းစွာ ...

"အင်... မင်း ရိုက်စရာမလိုဘူး "

အေးစက်စက် ပြောပြီးနောက် မျက်စိကစား
လျက် အမေ့အိပ်ယာ၏ ထောင့်စွန်းတွင် သနပ်ခါ ကျောက်ပြင်ကို တွေ့လိုက်ရာ ချက်ချင်း ကောက်ယူပြီး ကိုယ့်
ခေါင်းကိုယ် ရိုက်ခွဲပစ်လိုက်တော့၏။ ဒီတစ်ခါ ကျွန်တော် ပြန်နိုးလာ ရင်တော့ အမေနဲ့ညီလေးကို ပြန်မှတ်မိနိုင်ကောင်းရဲ့..။

"မိုးဇေ! "

"ကိုကြီး မိုးဇေ! ခင်ဗျား ဘယ်လိုပြောလိုက်တာလဲ...ကိုကြီး တစ်ခုခုဖြစ်ရင် ခင်ဗျား သေမှာ သိလား "

Black Memory(U+Z)(Completed )Where stories live. Discover now