18.11 Day..end

11.4K 876 72
                                    

Unicode....🚫

"ခဏလေး မောင် ပေးစရာရှိတယ် "

အနမ်းတို့အားဖယ်ခွာရင်း နှိုင်းပြောတာမို့ ခေါင်လေးက အလိုက်သိစွာ စောင့်ပေးသည်။ နှိုင်းသည် အင်္ကျီ အိတ်ကပ် ထဲ ထည့်ထားသည့်လက်စွပ်ကိုယူပြီး မောင့်လက်သူကြွယ်မှာ စွပ်ပေးရင်း မျက်လုံးအိမ်ရှည်ရှည်လေးတွေ ဝိုင်းစက်စက်ဖြစ်သွားတာကို အတိအကျပုံဖမ်းယူကာ မှတ်သားသည်။

"မောင်ပဲ ငါ့ကိုဝတ်ပေးရသေးတယ်လေ..ငါမဝတ်ပေးရသေးလို့... Happybirthday နော်မောင် အရမ်းချစ်တယ် သိလား "

ဒီညအဖို့ ချစ်တယ် ဆိုတဲ့စကား သူတို့်နှစ်ယောက်ကြား ဘယ်နှစ်ခေါက်မြောက်နေပြီမှန်းမသိ။ မောင့်လက်ဖမိုးကို ဖိကပ်နမ်းရင် လက်စွပ်လေးနဲ့လက်ချောင်ရှည်ရှည်လေးတွေ လိုက်ဖက်လွန်းသည်ကို တစိမ့်စိမ့် ကြည့်လို့မဝ။

"နှိုင်း "

"ဗျာ "

ထူသံက ခါတိုင်းလိုမဟုတ်။ အကြီးဆိုပြီး နှိုင်းတို့က ယဉ်ယဉ်ကျေးကျေးဘယ်တော့မှမထူး။ ခေါင်လေသည် နှိုင်းလက်ကိုပြန်ဆွဲပြီ ရင်ဘတ်ကို ကပ်၍ မူမမှန်သည့်
နှလုံးခုန်သံကို နှိုင်းအားကြားစေလိုက်သည်။

"မောင် နှလုံးရောဂါ ဖြစ်တော့မယ် ထင်တယ်"

"ဟုတ်လား "

ဟု မယုံသလိုရွတ်ရင်း နှိုင်းက တစ်ယောက်တစ်ခုံဖြင့်ဝေးလွန်းသည့်အနေအထားမှ
မောင့်ပေါ်ခွထိုင်ကာ ရင်ခုန်သံက်ို နားဖြင့်တိတိကျကျကြားစေဖို့ နားစွင့်လိုက်စဉ်
ခြေမက်ိုင်မိလက်မကိုင်မိဖြင့် ကဆုန်ပေါက်ပြေးမူ ပိုမြန်လာသည့် ခေါင်လေးက အသက်လေးအောင့်ကာ ထိန်းဖို့ကြိုးစားသော်လည်း မအောင်မြင်။

ဒုတ်...ဒုတ်...

"ရင်တွေအရမ်းခုန်နေတာပဲ... "

တစ်ယောက်တည်းပြောသလိုရေရွတ်ပြီး ဝဲဘက်ရင်အုံကို အနမ်းဖြင့် အာငွေ့ပေးမိစဉ် မောင်ကိုယ်လေး တစ်ချက်မှ မလှုပ်တော့ပဲ ကျောက်ရုပ်ကြီးလိုဖြစ်သွားတာကြောင့်
နှိုင်းရယ်မိသည်။

"ရယ်မနေနဲ့ လက်ပေး"

လက်ဆောင်ပေးတော့မည်ကို သိသည်မို့ နှိုင်းချက်ချင်း လက်ထုတ်ပေးလိုက်လျှင် ခေါင်လေးက ကြာနေပြီ ဖြစ်သော လက်ပတ်လေးကိုဖြုတ်လို့ ပလက်တီနမ်ဖြင့် လုပ်ထားသော ရိုးရိုးရှင်းရှင်း နှင့်လှပသည့် လက်ပတ်လေးကို နေရာယူစေလိုက်သည်။

Black Memory(U+Z)(Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ